တိုင်းရင်းသားလူငယ်များ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း ၄၅ ကျောင်း၌ အခြေခံပညာအခမဲ့သင်ကြားပေးလျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ   ၂၆


ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်း သားလူငယ်များ  စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၌ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ သင်တန်း အမှတ်စဉ်(၁၈) သင်တန်းဆင်း ပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို  ဘွဲ့နှင်းသဘင်ခန်းမ အပါအဝင် ၂ နေရာခွဲခြား၍    ကိုဗစ် - ၁၉  စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်း နောင်က   နယ်စပ်ရေးရာဝန်ကြီးဌာနအနေနှင့်  နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊   နယ်စပ်ဒေသ များတွင်  နေထိုင်ကြသည့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေး၊  နယ်စပ်ဒေသရှိ  တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးစေရေးဟူ၍    မူဝါဒ ၄  ရပ်ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားလူငယ်များ၏  လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်း ကျောင်း ၄၅ ကျောင်း၌ အခြေခံပညာရေးကို  အခမဲ့သင်ကြားပေးလျက် ရှိပြီး အခြေခံပညာအထက်တန်း အောင်မြင်သည့်  တိုင်းရင်းသားလူငယ် များကို     ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ   ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ   စွမ်းရည်ဖွံ့ဖြိုးရေး   ဒီဂရီ ကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့တွင် အဆင့်မြင့်ပညာရပ်များကို  အခမဲ့ သင်ကြားပေးခြင်းဖြင့် အရည်အချင်းပြည့်ဝသည့်  လူ့စွမ်းအား အရင်း အမြစ်များဖြစ်လာအောင် လေ့ကျင့်ပြုစု ပျိုးထောင်ပေးလျက်ရှိကြောင်း၊ ထို့အတူ  တိုင်းရင်းသားလူငယ်များ     စက်မှုလက်မှုပညာသင်တန်း ကျောင်းကိုးကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း  ပညာ သင်တန်းကျောင်း ၄၆ ကျောင်းတို့ကို    ဖွင့်လှစ်ပြီး   အသက်မွေးဝမ်း ကျောင်းပညာများ တတ်မြောက်ရန်၊   အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်၊ လူမှုစီးပွားဘဝတိုးတက်မြင့်မားရန်  ထောက်ပံ့ကူညီပေးလျက်ရှိ ကြောင်း။

 


ဒီဂရီကောလိပ်(ရန်ကုန်)၏   သက်တမ်းကာလတစ်လျှောက်တွင် ယခုအချိန်အထိ ဝိဇ္ဇာဘွဲ့ ၄၉၈ ဦး၊ သိပ္ပံဘွဲ့ ၁၂၁၃ ဦး၊ B.Tech ၁၃၅ ဦး၊ အင်ဂျင်နီယာဒီပလိုမာ ၆၅၅ ဦး၊ စုစုပေါင်း တိုင်းရင်းသားလူငယ် ၂၅၀၁ ဦးကို သင်ကြားလေ့ကျင့်မွေးထုတ်ပေးခဲ့ပြီး ကျောင်းဆင်း သင်တန်းသား များသည်   နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း  ဆက်လက်လေ့လာသင်ယူ ခဲ့ကြရာ Ph.D ဘွဲ့ ၁၄ ဦး၊ မဟာဝိဇ္ဇာဘွဲ့ ၆၅ ဦး၊ မဟာသိပ္ပံဘွဲ့ ၁၂၂ ဦး၊ B.Tech  ၃၂၆ ဦး၊  B.E ၃၀၁ ဦး၊   M.E ၁၅ ဦး   ရရှိပြီးဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်    နိုင်ငံတော်တည်ဆောက်ရန်အတွက် ငြိမ်းချမ်းရေးသည်  အထူးအရေးကြီးကြောင်း၊ တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်ကြလျှင် ငြိမ်းချမ်းရေးမလွဲမသွေ ရရှိမှာဖြစ်ကြောင်း၊ တာဝန်ကျရာ   ဝန်ကြီးဌာနအသီးသီးတွင်   ဝန်ထမ်းများအဖြစ်  တာဝန် ထမ်းဆောင်သည့်အခါ  နိုင်ငံ့ဝန်ထမ်းဥပဒေ၊  နည်းဥပဒေများအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်ကြီး အေးချမ်း သာယာရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့်  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို   အထူးအလေးထား တည်ဆောက်သွားကြရန် တိုက်တွန်းလိုကြောင်း။

 


မိမိတို့တာဝန်ကျရာဒေသများတွင် ကျန်းမာရေးအတွက် ဆောင်ပုဒ် ဖြစ်သည့် “အရက်၊ ကွမ်း၊ ဆေး ရောဂါပေး၍ ဆီ၊ ဆား၊ အချို အသက်တို သည်၊ လမ်းလျှောက်၊ လေရှူ၊ ရေသောက်ခြင်း  ကျန်းမာချမ်းသာရောဂါ ကင်း” ဆိုသည်ကို လိုက်နာကျင့်သုံး လက်ဆင့်ကမ်းပေးရမည်ဖြစ် ကြောင်း၊  သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့်  ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအတွက်  စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကိုလည်း  ဒေသ၏ လိုအပ်ချက်နှင့်အညီ   ပါဝင်ပူးပေါင်းစည်းရုံးဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက  ဝိဇ္ဇာဘာသာရပ် ထူးချွန်ဆု ရရှိသူနှင့် သိပ္ပံဘာသာရပ် ထူးချွန်ဆုရရှိသူတို့ကိုလည်းကောင်း၊  ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှစိုးက A.G.T.I ဒီပလိုမာထူးချွန်ဆုရရှိ သူကိုလည်းကောင်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ဝန်ကြီးဌာန ၁၇ ခုတို့မှ  ကိုယ်စားလှယ်များက  သင်တန်းဆင်းကျောင်း သား ၂၁၃ ဦးတို့ကို အလုပ်ခန့်အပ်လွှာများပေးအပ်သည်။ 

 


ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ပြီး ဘွဲ့နှင်းသဘင်ဧည့်ခန်း၌  ထူးချွန်ဆုရ ကျောင်းသားများကို တွေ့ဆုံ၍    ဂုဏ်ပြုအားပေးစကား ပြောကြားသည်။ 
ယနေ့ကျင်းပသော ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(ရန်ကုန်) အမှတ်စဉ်(၁၈)သင်တန်းဆင်းပွဲတွင် ဝိဇ္ဇာဘွဲ့ ၄၇ ဦး၊ သိပ္ပံဘွဲ့ ၇၈ ဦးနှင့် A.G.T.I ဒီပလိုမာ ၈၈ ဦး၊ စုစုပေါင်း တိုင်းရင်းသားလူငယ် မောင်မယ် ၂၁၃ ဦး   တက်ရောက်အောင်မြင်ခဲ့ကြောင်း သိရသည်။

 


နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်၏ကိုယ်စား ပြည်ထောင်စု ဝန်ကြီးက    ဧည့်သည်တော်များနှင့်    သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများကို ဘွဲ့နှင်းသဘင်ခန်းမနှင့် စားရိပ်သာများတွင် ၃ နေရာ ခွဲခြား၍   ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်