
နေပြည်တော် ဖေဖော်ဝါရီ ၁၇
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန တတိယအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန ရုံးအမှတ် (၁၄) ၌ ကျင်းပရာ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီ စွာတက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဦးစီးဌာနအလိုက် ပြိုင်ပွဲဝင်ကြ မည့်သူများအနေဖြင့် ထမနဲတွင် ပါဝင်မည့် ပစ္စည်းများ၏ အချိုး အစားကိုက်ညီမှု၊ ချိန်သားကိုက် လှုပ်ရှား ဆောင်ရွက်တတ်မှု၊ စည်းစည်းလုံးလုံး ဆောင်ရွက် တတ်မှု၊ အဖွဲ့အစည်းစိတ်ဓာတ်ရှိမှု၊ စည်းကမ်းတကျရှိမှုတို့ကို ပြသ သွားကြရန် အထူးတိုက်တွန်း ပြောကြားလိုပါကြောင်း၊ ထမနဲထိုး ပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ ဦးစီး ဌာနကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်၊ မိမိတို့၏ ဝန်ကြီးဌာနကိုချစ်မြတ် နိုး ဂုဏ်ယူသည့် စိတ်ဓာတ်၊ မိမိလူမျိုး၊ မိမိတိုင်းပြည်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ တိုးတက် ဖြစ်ပေါ်လာအောင် မွေးမြူကြရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထမနဲထိုး ယှဉ်ပြိုင်မည့်အဖွဲ့များအား ရင်းရင်း နှီးနှီး နှုတ်ဆက်ကာ ထမနဲထိုး ယှဉ်ပြိုင်နေမှုများကို လိုက်လံ ကြည့်ရှု အားပေးသည်။
ထမနဲထိုးပြိုင်ပွဲကို ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက် ရှိ ဦးစီးဌာနများမှ စုစုပေါင်း အသင်း သုံးသင်း ပါဝင်ယှဉ်ပြိုင် ကြရာ တတိယဆုရရှိသော ပြည်ထောင်စုဝန်ကြီးရုံး အသင်း ကို အမြဲတမ်းအတွင်းဝန် ဒေါက်တာ အယ်လ်တူးမိန်းဂေါင် က လည်းကောင်း၊ ဒုတိယဆု ရရှိသော တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက် ရေး ဦးစီးဌာနအသင်းအား ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က လည်းကောင်း၊ ပထမဆုရရှိ သော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနအသင်း ကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က လည်း ကောင်း ဆုများပေးအပ်ချီးမြှင့် ကြပြီး ဝန်ကြီးဌာနမှ ဝန်ထမ်းများ က တေးသီချင်းဖြင့် ဖျော်ဖြေကြ ကာ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
သတင်းစဉ်