
နေပြည်တော် ဧပြီ ၁
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းအခမ်းအနားကို မတ် ၃၀ ရက်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် က ကွန်ပျူတာနည်းပညာ နှင့် ဆက်စပ်၍ Artificial Intelligence (AI), Blockchain, Cloud Computing, Data စသည်ဖြင့် ဆန်းသစ်နေသော ပညာရပ်များကို ဆက်လက် လေ့လာသွားရန်နှင့် အစဉ်တစိုက် လေ့လာဆောင် ရွက်ခြင်းသည် Lifelong Learning ပင် ဖြစ်ကြောင်း၊ သင်ကြားပေးမှုများအပေါ် အခြေခံ၍ ဆက်လက် လေ့လာသင်ယူလေ့ကျင့်မှုများ လုပ်ဆောင်သွားကြ မည်ဆိုပါက ပိုမို၍စွမ်းရည်ပြည့်ဝသည့် ဝန်ထမ်း ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်း နည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာ များကိုလည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူ များအတွက် သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း ပေးအပ်ပြီး သင်တန်းတွင် ပထမဆုရရှိ သည့် သင်တန်းသူကို ဆုချီးမြှင့်ပေးအပ်သည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်က ဒုတိယဆု ရရှိသည့် သင်တန်းသားကို လည်းကောင်း၊ တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်က တတိယဆုရရှိသည့် သင်တန်းသူကို လည်းကောင်း ဆုများချီးမြှင့်ပေးအပ်ကြပြီး အခမ်း အနားရုပ်သိမ်းလိုက်သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနရှိ ကွန်ပျူတာသင်တန်းခန်းမသို့ရောက်ရှိပြီး သင်တန်း ဆင်း သင်တန်းသား၊ သင်တန်းသူများ၏ လက်တွေ့ ကွန်ပျူတာအသုံးပြုနေမှုများကို ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်