တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်သို့ရောက်ရှိ

 

နေပြည်တော် စက်တင်ဘာ ၁၄


တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ် ၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်       ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏     ငြိမ်းချမ်းရေး ဆွေးနွေးရန်    ဖိတ်ခေါ်ချက်အရ ကရင်  အမျိုးသားအစည်းအရုံး/ ကရင်  အမျိုးသားလွတ်မြောက် ရေး တပ်မတော် - ငြိမ်းချမ်းရေး ကောင်စီ        (KNU/KNLA-PC) မှ     ဒုတိယဥက္ကဋ္ဌ   ​ဒေါက်တာ နော်ကပေါ်ထူး   ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဒီမိုကရေစီ အကျိုးပြု      ကရင်တပ်မတော် (DKBA)မှ စစ်ဦးစီးချုပ် စောစတီး ဦးဆောင်သော   ကိုယ်စားလှယ် အဖွဲ့တို့သည်     ​ကရင်ပြည်နယ် ဘားအံမြို့မှ      နေပြည်တော် Horizon  Lake  View  Hotel  သို့ ယနေ့မွန်းလွဲပိုင်းတွင်  မော်တော် ယာဉ်များဖြင့်    ရောက်ရှိကြရာ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊  သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနု ပညာဦးစီးဌာနမှ   တိုင်းရင်းသား တိုင်းရင်းသူများ၊        ဌာနဆိုင်ရာ ဝန်ထမ်းများ၊   ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများ က ထာဝငြိမ်းချမ်းရေးကို ရရှိရေး သည်  ပြည်သူတစ်ရပ်လုံး၏ ဆန္ဒ အစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်း ရေး     ရရှိရေးသည်     နိုင်ငံသား အားလုံး၏ ဆန္ဒအမှန် ဖြစ်သည်၊ ပြည်ထောင်စုကြီး     ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်း သားတွေ    စည်းလုံးမှ ငြိမ်းချမ်း တည်ငြိမ်အေးချမ်းရ    စသည့် စာသားပါ       ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လည်းကောင်း၊နိုင်ငံ တော်အလံငယ်များ ကိုင်ဆောင် ၍   လည်းကောင်း   ကြိုဆိုခဲ့ကြသည်။

 


အဆိုပါ        ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့များနှင့် ပထမ အကြိမ်  တွေ့ဆုံဆွေးနွေးမှုများ ကို ဆောင်ရွက်ခဲ့ရာတွင်  ကရင် အမျိုးသားအစည်းအရုံး/   ကရင် အမျိုးသား     လွတ်မြောက်ရေး တပ်မတော်    -    ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ၂၀၂၂ ခုနှစ် မေ ၂၆ ရက်မှ ၂၈ ရက် အထိ  လည်းကောင်း၊ ဒီမိုကရေစီ အကျိုးပြု   ကရင်တပ်မတော် (DKBA) ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့နှင့်  ဇွန် ၁၉ ရက်မှ ၂၁ ရက်အထိလည်းကောင်း  တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး     ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေး၊   ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို  အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး နှင့်     ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ဆက်လက်ကြိုးပမ်းကြ ရန် သဘောတူညီနိုင်ခဲ့ကြသည်။

 


ယခုဒုတိယအကြိမ်လာရောက် ဆွေးနွေးရာတွင်လည်း  တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း များ၏      နိုင်ငံရေးလိုလားချက် နှင့် အနာဂတ်လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း ရန်      လမ်းဖွင့်ထားကြောင်း၊ ဆက်လက်၍   ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည့်     ကျန် တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ များလည်း      လာရောက်တွေ့ဆုံ ဆွေးနွေးရန်       ရှိကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မလာ ရောက်သေးသည့်    တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကိုလည်း မည်သည့်အခြေအနေ မျိုးတွင်မဆို   ကြိုတင်ကန့်သတ် ချက်မထားဘဲ        လာရောက် ဆွေးနွေးနိုင်ရန်     ဖိတ်ခေါ်ထား ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်