တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ခရစ္စမတ်အကြို အခမ်းအနားကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၂၁


တိုင်းရင်းသားစည်းလုံးညီညွတ် ရေးကို ရည်ရွယ်၍ တိုင်းရင်းသား လူမျိုးများရေးရာ    ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ခရစ္စမတ် အကြို အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင်   တိုင်းရင်းသား လူမျိုးများရေးရာ   ဝန်ကြီးဌာန ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု  ဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊     အမှုထမ်းများ တက်ရောက်ကြသည်။


အေးအတူ ပူအမျ


ဦးစွာ       ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က မိမိတို့ တိုင်းရင်းသားများသည်   တစ်ဦး အပေါ် တစ်ဦး        မေတ္တာပြပြီး  အေးအတူ ပူအမျှ      စည်းစည်း လုံးလုံးဖြင့်   ကမ္ဘာကြီးငြိမ်းချမ်း စေရန် တက်ညီလက်ညီ ဝိုင်းဝန်း လုပ်ဆောင်ကြစေလိုပါကြောင်း၊ တိုင်းပြည်ကြီး       ငြိမ်းချမ်းမှ တိုင်းပြည်   ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပြီး     ပြည်သူပြည်သားများ လည်း စားဝတ်နေရေး ပြေလည် မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေ ဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ လူမျိုး တစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မေတ္တာ ရှေ့ထားပြီး      ကမ္ဘာမြေကြီး ငြိမ်းချမ်းအောင်        ဝိုင်းဝန်း လုပ်ဆောင်ကြစေလိုပါကြောင်း၊ မေတ္တာပေးပြီး မေတ္တာပြန်ယူကြ စေလိုပါကြောင်း၊   ကမ္ဘာကြီး ငြိမ်းချမ်းပါစေ၊  မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊  လောကီသား အားလုံး မေတ္တာ၊ ကရုဏာထားနိုင် ပါစေကြောင်း   ခရစ္စမတ် နှုတ်ခွန်းဆက်စကား  ပြောကြား သည်။


ဆက်လက်၍ ဒုတိယဝန်ကြီး  ဦးဇော်အေးမောင်က  ကမ္ဘာပေါ် တွင်  ခရစ်ယာန်ဘာသာ၊  ဗုဒ္ဓ ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ် ဘာသာဟူ၍ ဘာသာကြီးလေးမျိုး ရှိပြီး     ခရစ်ယာန်ဘာသာသည် ကမ္ဘာပေါ်တွင် ကိုးကွယ်မှု ရာခိုင် နှုန်း   အများဆုံးဖြစ်ပါကြောင်း၊ မည်သည့်         ဘာသာဖြစ်စေ ကောင်းမွန်သော  အဆုံးအမများ ကို လက်ခံပြီး မေတ္တာ၊ ကရုဏာ၊  မုဒိတာ၊      ဥပေက္ခာ ဟူသည့် ဗြဟ္မစိုရ်တရား လေးပါးနှင့်အညီ နေထိုင်ကျင့်သုံးကြစေလိုပါကြောင်း ပြောကြားသည်။ 
ထို့နောက်   ဝန်ထမ်းများက ခရစ္စမတ်     တေးသီချင်းများ၊ တိုင်းရင်းသားတေးသီချင်းများ၊ အဆိုအကများဖြင့် သီဆို၊ ကပြ  ဖျော်ဖြေခဲ့ကြပြီး   ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုဆုငွေများ      ချီးမြှင့်၍ အခမ်းအနားကို  ရုပ်သိမ်းလိုက် ကြောင်း သိရသည်။   


သတင်းစဉ်