တိုင်းပြည်၏အားသည် ပြည်တွင်း၌သာ ရှိသည်ဖြစ်သဖြင့် ပြည်တွင်းစီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုကို အားပေးကြရမည်ဖြစ်

 

နေပြည်တော်  စက်တင်ဘာ   ၂၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင်  မန္တလေးစက်မှုဇုန်အတွင်းရှိ အသေးစား၊   အငယ်စားနှင့်  အလတ်စား စီးပွားရေး (MSME)     လုပ်ငန်းရှင်များအား     ရတနာပုံခန်းမ၌ တွေ့ဆုံ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးပြောကြားသည်။

 


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တပ်မတော်အရာရှိကြီးများ၊ မန္တလေး တိုင်းဒေသကြီး  ဝန်ကြီးချုပ်၊  အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊   မန္တလေးစက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းရှင်များ၊ မန္တလေး တိုင်းဒေသကြီး  ကုန်သည်များနှင့်  စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် လုပ်ငန်းရှင်များ၊ MRCCI အသင်းနှင့် ညီနောင်အသင်း များမှ   လုပ်ငန်းရှင်များ၊   မန္တလေးတိုင်းဒေသကြီး အတွင်းမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 


အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုဇုန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များ တင်ပြဆွေးနွေး


ဦးစွာ    မန္တလေးတိုင်းဒေသကြီး  ကုန်သည်များ နှင့်    စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းဌေး၊ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး    ဦးမောင်မောင်ဦး၊   မြန်မာနိုင်ငံ ဝါလုပ်ငန်းရှင်များအသင်းနာယက ဦးအောင်သန်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းရှင်များကိုယ်စား ကျောက်ဆစ်လုပ်ငန်းအသင်း     အတွင်းရေးမှူး ဦးအောင်မြင့်ဗိုလ်၊ ရှင်သန်ဆဲဒြပ်မဲ့မျက်ပါးရွှေဆိုင်းအသင်းဥက္ကဋ္ဌ ဦးဇော်မင်းအောင်နှင့် တက်ရောက် လာကြသည့် လုပ်ငန်းရှင်များက စက်မှုဇုန် သမိုင်း အကျဉ်း၊ စက်မှုဇုန်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ ဆောင် ရွက်နေမှု အခြေအနေများ၊ ထုတ်ကုန်များ ဈေးကွက် ရရှိရေး၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးများ ရရှိရေးတို့အတွက်      လိုအပ်မှုအခြေအနေများ၊ အနာဂတ်ကာလများတွင် စက်မှုဇုန်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်            လိုအပ်ချက်များ၊ ဝါမျိုးကောင်းမျိုးသန့်များရရှိရေးနှင့်     ဈေးကွက် ရရှိရေး၊  ဝါစိုက်တောင်သူများ   အရင်းအနှီးရရှိရေး အတွက် သက်သာသောအတိုးနှုန်းထားဖြင့် ရင်းနှီး မတည်ငွေများ နိုင်ငံတော်မှ ဆောင်ရွက်ပေးစေလိုမှု၊ သက်တမ်းပြည့်ချေးငွေများ သက်တမ်းတိုးမြှင့်ပေး စေလိုမှု၊ ကျောက်ဆစ်လုပ်ငန်းအတွက် မြေနေရာနှင့် စက်ပစ္စည်းလိုအပ်မှု၊   ရိုးရာလက်မှုလုပ်ငန်းတစ်ခု ဖြစ်သည့် မျက်ပါးရွှေဆိုင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးနှင့်     တင်ဒါစနစ်အစား     လက်ခစနစ်ဖြင့် ဆောင်ရွက်ပေးစေလိုမှု၊        ရက်ကန်းလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုနှင့် နိုင်ငံတော် မှ    ရင်းနှီးမတည်ငွေများ  ထုတ်ချေးပေးစေလိုမှု၊  စက်မှုဇုန်အတွင်း ရှေ့ပြေးနည်းပညာများ လေ့လာ၍ ရသည့် စာကြည့်တိုက်နှင့် သုတေသနစင်တာတစ်ခု တည်ထောင်ပေးစေလိုမှု၊         စက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ရရှိအောင် ဆောင်ရွက်ပေးစေလိုမှု၊    နိုင်ငံတော်၏ ပံ့ပိုးမှု၊ စက်မှုလုပ်ငန်းရှင်များ၏ ဝိုင်းဝန်းပါဝင်ဆောင် ရွက်မှုများဖြင့်   စက်မှုဇုန်များတွင်  နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရန် လိုအပ်မှု၊  ကုန်ချောပစ္စည်းများ  ပြည်ပမှတိုက်ရိုက် တင်သွင်းမှုများကြောင့် ပြည်တွင်းကုန်ချောထုတ်လုပ် သူများအနေဖြင့်   အခက်အခဲများ  ဖြစ်ပေါ်နေမှု၊ ပြည်ပမှ ကုန်ချောတင်သွင်းမှုအပေါ်တွင် ထိုက်သင့် သည့် အခွန်ငွေများကောက်ခံရန်နှင့် ကုန်ကြမ်းပစ္စည်း များ    တင်သွင်းမှုအပေါ်   အခွန်ငွေများလျှော့ချ ကောက်ခံမည်ဆိုပါက ပြည်တွင်းကုန်ချောထုတ်လုပ် မှုအပေါ်   အထောက်အကူပြုနိုင်မှု၊  ထုတ်ကုန်များ အတွက်   Exhibition   များ   ပြုလုပ်ပေးခြင်းဖြင့် ဈေးကွက်သစ်များကို  ဖန်တီးပေးနိုင်ပြီး  ထုတ်လုပ် သူများ အဆင်ပြေစေမည့် အခွန်စနစ်ဆောင်ရွက်ပေး ရန် လိုအပ်မှု၊ MRCCI အသင်းနှင့် ညီနောင်အသင်းများ အတွက် ရုံးခန်းများတစ်စုတစ်စည်းတည်း ဖွင့်လှစ် နိုင်ရေး အဆောက်အဦမြေနေရာအတွက် နိုင်ငံတော် မှ သတ်မှတ်သောနှုန်းဖြင့် မြေနေရာစီစဉ်ပေးနိုင်ရေး အခြေအနေများကို တင်ပြကြသည်။

 


သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး


ရှင်းလင်းတင်ပြမှုများနှင့်            ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊    ဒေါက်တာချာလီသန်း၊   တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမောင်ကိုတို့က   ဝါနှင့်ပတ်သက်၍ မျိုးကောင်းမျိုးသန့်များရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း၍ အထူးအလေးထား ဆောင်ရွက်လျက်ရှိမှု၊ ဝါစိုက်ပျိုး ရေးအတွက် လိုအပ်သည့် သွင်းအားစုများရရှိနိုင်ရေး နိုင်ငံတော်မှ     ရင်းနှီးငွေများ   ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ တောင်သူများ လက်ဝယ်သို့ အရည်အသွေးပြည့်ဝသည့် မျိုးကောင်းမျိုးသန့်များ နှင့် သွင်းအားစုများရရှိရေး စိစစ်ကြပ်မတ်ဆောင်ရွက် လျက်ရှိမှု၊    အသေးစားစက်မှုလုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေး၊      ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူလူထု ဝင်ငွေရရှိရေးတို့အတွက် သမဝါယမစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိမှု၊  စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သမဝါယမအသင်းအဖွဲ့ များ   ဖွဲ့စည်း၍   Contract   Farming  စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးကာ စိုက်ပျိုးရေးတောင်သူ များ၏  လိုအပ်ချက်များကို  ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊    စက်မှုနည်းပညာများနှင့် ပတ်သက်၍ နည်းပညာလိုအပ်ချက်များရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊   မန္တလေးတိုင်းဒေသကြီး အတွင်း   ကုန်သွယ်မှုနှင့်   ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးအတွက်     ဗဟိုလုပ်ငန်း ကော်မတီ ဖွဲ့စည်းဆောင်ရွက်ပေးထားပြီး အခက်အခဲ များရှိပါက ကော်မတီသို့ ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်မှု စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေးပြောကြားသည်။ 

 


တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ဆောင်ရွက်လျက်ရှိ
ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လုပ်ငန်းရှင် များ၏ တင်ပြချက်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက်   ပြန်လည်ဆွေးနွေးပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်း များ တိုးတက်ရေးအတွက် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့်  စားရေရိက္ခာပေါ များရေးကို      အမျိုးသားရေးရည်မှန်းချက်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ကိုင်ဆောင်ရွက်နေသူ များအားလုံး အေးချမ်းလုံခြုံစွာဖြင့် လုပ်ကိုင်နေထိုင် ဆောင်ရွက်နေခြင်းသည် တိုင်းပြည်သာယာဝပြောခြင်းဖြစ်ကြောင်း၊   စားရေရိက္ခာပေါများရေးနှင့် ပတ်သက်၍ သောက်သုံးရေလုံလောက်စွာ ရရှိရေးနှင့် စားသောက်ဖွယ်ရာများသာမက တစ်ကိုယ်ရေသုံး ပစ္စည်းများသည်လည်း   ရိက္ခာတွင်ပါဝင်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများ ရေးအတွက်      နိုင်ငံအတွင်း   နေထိုင်သူများက ဆောင်ရွက်ရခြင်းဖြစ်ပြီး   ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါများရေးနှင့် ပြည်တွင်းစီးပွားရေး ကောင်းမွန်စေရေး  ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းများပေါများရေး၊  သွင်းအားစုများ လုံလောက် စွာရရှိရေး၊ အရင်းအနှီးများရရှိရေးနှင့် လူသားအရင်း အမြစ်များ လုံလောက်စွာရရှိရန် လိုကြောင်း။

 


ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်  လျှပ်စစ်စွမ်းအင်လုံလောက်စွာရရှိရေး


 ပြည်တွင်းကုန်ထုတ်လုပ်မှုများကို လုံလောက်စွာ ထုတ်လုပ်နိုင်ရန်အတွက်  ကုန်ကြမ်း၊  သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်များရှိရန် လိုအပ် ကြောင်း၊    ကုန်ကြမ်းကို  ပြည်တွင်း၊  ဒေသတွင်း၌ လုံလောက်စွာရရှိနိုင်ရန် လိုအပ်ကြောင်း၊ သွင်းအားစု နှင့် ပတ်သက်၍  စိုက်ပျိုးရေးလုပ်ငန်းအတွက် ရေ၊ မြေဩဇာ၊ မွေးမြူရေးလုပ်ငန်းအတွက် တိရစ္ဆာန်အစား အစာ၊ စက်မှုလုပ်ငန်းအတွက် လျှပ်စစ်စသဖြင့် ရရှိရန် အရေးကြီးကြောင်း၊   စက်မှုလုပ်ငန်းများအတွက် စွမ်းအင်နှင့်   စွမ်းအားများလည်း  လိုအပ်ကြောင်း၊ အပူပေးရသည့်      လုပ်ငန်းများတွင်    လျှပ်စစ်၊ ကျောက်မီးသွေး၊ ဂတ်စ်များကို အသုံးပြုကြကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ယခင်ကတည်းက ရေအားလျှပ်စစ်ဓာတ်အား  ထုတ်လုပ်ရေးလုပ်ငန်း များကို   ဆောင်ရွက်ခဲ့ကြောင်း၊   အရင်းအနှီးများ ကြီးမားမှုကြောင့်  အပိုင်းများခွဲ၍  ဆောင်ရွက်နေရ ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက် ခဲ့စဉ်တွင် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး နှင့် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများကို ဆွေးနွေးခဲ့ကြောင်း၊ မိမိတို့နိုင်ငံ တွင် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် ရေအရင်းအမြစ်များစွာရှိကြောင်း၊ ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းသည်   အရင်းအနှီး ကြီးမားသော်လည်း   ရေရှည်အတွက်  ကောင်းမွန် သည့်  လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည် လည်း များစွာအကျိုးဖြစ်ထွန်းစေကြောင်း၊ မကြာမီ ကာလအတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ  အသုံးချနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုး ရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ တွင် အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း။

 


လောင်စာဆီများ၊   သဘာဝဓာတ်ငွေ့များနှင့် ပတ်သက်၍    မိမိတို့နိုင်ငံတွင်  စက်သုံးဆီများကို နှစ်စဉ်    အမေရိကန်ဒေါ်လာ   ၂  ဘီလီယံဖိုးခန့် တင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်းတွင်း ရေနံထုတ်လုပ်နိုင်သည့်  အရင်းအမြစ်များ  များစွာ ရှိနေသည့်အပြင်   သဘာဝဓာတ်ငွေ့နှင့်ပတ်သက်၍ လည်း  ကမ်းလွန်တွင်  ထုတ်လုပ်၍ရသည့်  အရင်း အမြစ်များ တွေ့ရှိထားပြီးဖြစ်ကြောင်း၊ ဒီဇယ်ဆီ တင်သွင်းခြင်းကို လျှော့ချနိုင်ရန်အတွက် လျှပ်စစ် အစားထိုး   အသုံးပြုနိုင်သည့်  စက်ကိရိယာများကို ပြောင်းလဲအသုံးပြုရမည်ဖြစ်ကြောင်း၊ ပို့ဆောင်ရေး စနစ်များတွင် လျှပ်စစ်ဓာတ်အားကို အသုံးပြုနိုင်ရေး အတွက် နိုင်ငံတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး     ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့်လည်း သဘောတူညီချက်များ   ရရှိထားပြီးဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအင်သုံးရထားများနှင့်   ဘတ်စ်ကား များကို   Public   Transportation  ကဏ္ဍတွင် ဦးစားပေးပြေးဆွဲနိုင်ရေး ရည်မှန်းဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံတွင်    မော်တော်ဆိုင်ကယ် အစီးရေ ၆ သန်းခန့်ရှိကြောင်း၊ နေ့စဉ် ဆီသုံးစွဲမှုများ ကို  လျှော့ချနိုင်မည်ဆိုပါက  ပြည်ပမှ စက်သုံးဆီ တင်သွင်းမှုများကို   လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်  အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် များကို    အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် လိုအပ် သည့်      လျှပ်စစ်ဓာတ်အားများရရှိရေးအတွက် ရေအားလျှပ်စစ်နှင့်      နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်ထုတ်လုပ်ခြင်းများအပြင် နေရောင်ခြည် စွမ်းအင်သုံး     လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကိုပါ    ဆောင်ရွက်၍  ရခြင်းကြောင့် အားပေးဆောင်ရွက်ရန်လိုကြောင်း၊ မန္တလေးမြို့တွင် လျှပ်စစ်ဓာတ်အား   လုံလောက်စွာရရှိရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အား သွယ်တန်းမှုများကောင်းမွန်ရေး ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း၊   နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး     စီမံကိန်းများကိုလည်း   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

 


ဒေသတွင်း စိုက်ပျိုးမွေးမြူရေး ထွက်ကုန်၊ ထုတ်ကုန်များကို အခြေခံသည့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်


စက်မှုလုပ်ငန်းများတွင် ကုန်ကြမ်းသေချာသည့် ထုတ်လုပ်မှုလုပ်ငန်းများကို    ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့်    ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် ပိုမိုအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊     မန္တလေးဒေသတွင်   စိုက်ပျိုးရေး ကုန်ကြမ်းများ၊   မွေးမြူရေးလုပ်ငန်းများ၊  စက်မှု ကုန်ကြမ်းများ များစွာထွက်ရှိပြီး လိုအပ်သည့်ကဏ္ဍ များတွင်    နိုင်ငံတော်မှ   ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း၊   စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်     မျိုးကောင်းမျိုးသန့်များရရှိရေးနှင့် ဒေသအလိုက် စိုက်ပျိုးသည့်မျိုးများ တူညီမှုရှိစေရေး  အစုအဖွဲ့အလိုက် တတ်နိုင်သမျှဆောင်ရွက်ကြရန် လိုကြောင်း၊   မိမိတို့နိုင်ငံတွင်  ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါများ စိုက်ပျိုးကြကြောင်း၊ အဆင့်မီဝါ များထွက်ရှိရေးအတွက် အရည်အသွေးပြည့်မီသည့် ဝါမျိုးကောင်းမျိုးသန့်များရရှိအောင်   နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊   ပြည်တွင်း၌ ဝါအထွက်နှုန်းများတိုးတက်အောင် ဆောင်ရွက်နိုင် မည်ဆိုပါက ပြည်သူများ၏ ဝတ်ရေးအတွက် များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊   မန္တလေး တိုင်းဒေသကြီးအတွင်း   ဝါစိုက်ပျိုးမှုများစွာရှိသည့် အတွက်    မန္တလေးတိုင်းဒေသကြီးအတွင်း  ဝါကို အခြေခံသည့် စက်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်မှလည်း လိုအပ် သည့်   ပံ့ပိုးကူညီမှုများ   ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။

 


မန္တလေးတိုင်းဒေသကြီးအတွင်း   မွေးမြူရေး လုပ်ငန်းများစွာရှိပြီး အချို့သော မွေးမြူရေးလုပ်ငန်း များသည် မိရိုးဖလာအတိုင်းသာ မွေးမြူကြသည်ကို တွေ့ရှိရကြောင်း၊ စနစ်ကျသည့် မွေးမြူရေးစနစ်ဖြင့် မွေးမြူမည်ဆိုပါက မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိ လာသည့် စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင်မည်ဖြစ်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်း များတွင်လည်း   အကျိုးရှိစွာ  အသုံးချနိုင်မည်ဖြစ် ကြောင်း၊ ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ ငါး မွေးမြူရေး လုပ်ငန်းများမှလည်း       စားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊ အရည်အသွေးမြင့်   မွေးမြူရေးထုတ်ကုန်များကို ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ပြီး ဒေသတွင်း   အလုပ်အကိုင်အခွင့်အလမ်းနှင့်  လူမှု စီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်စေနိုင်မည်ဖြစ်ကြောင်း။

 


ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းသည် ပြည်တွင်းစီးပွားရေးကို အားပေးခြင်းဖြစ်


စက်မှုကုန်ကြမ်းများအတွက်      လိုအပ်သည့် သတ္တုကုန်ကြမ်းများနှင့်   သစ်ကုန်ကြမ်းများရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်း များ ဈေးကွက်ရရှိရေးအတွက် ထုတ်လုပ်သည့်ပစ္စည်း များမှာ   အရည်အသွေးပြည့်မီရန်  လိုအပ်သကဲ့သို့ ထုတ်ကုန်ပစ္စည်းများကို       သိရှိစေရေးအတွက် ကြော်ငြာခြင်းလုပ်ငန်းများကို       ဆောင်ရွက်ရန် လိုကြောင်း၊ အရည်အသွေးပြည့်မီသည့် ကုန်ပစ္စည်း များ ထုတ်လုပ်နိုင်ရန်အတွက် ခေတ်မီစက်ကိရိယာ များ၊ နည်းပညာများ၊ လူသားအရင်းအမြစ်များနှင့် ရင်းနှီးမြှုပ်နှံငွေများ လိုအပ်ကြောင်း၊ ထုတ်ကုန်ပြပွဲ များ ကျင်းပနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ သွင်းကုန်အစားထိုးရေးအတွက် ထုတ်ကုန် များ ထုတ်လုပ်နိုင်ရန်လိုအပ်သကဲ့သို့ ပြည်ပသို့တင်ပို့ နိုင်သည့်  ထုတ်ကုန်များကိုလည်း  ထုတ်လုပ်ရန် လိုကြောင်း၊  ပြည်တွင်းကုန်ထုတ်လုပ်မှုကို  အားပေး ခြင်းသည်     ပြည်တွင်းစီးပွားရေးကို   အားပေးခြင်း ဖြစ်ပြီး ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အဆင့်မြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်းစီးပွားရေးကို ဆောင်ရွက်ခြင်း ဖြင့်  ပြည်ပသွင်းကုန်များကို  အစားထိုးနိုင်ရမည် ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံရှိ ကုန်ထုတ်လုပ်မှုများတွင် ပြည်ပမှ  ဝင်ရောက်ဆောင်ရွက်ခြင်းထက်  မိမိတို့ ကိုယ်တိုင်ဦးစီးဆောင်ရွက်မှုများကို အားပေးရမည် ဖြစ်ကြောင်း၊ မိမိတို့အကျိုးစီးပွားကို မိမိတို့ကိုယ်တိုင် ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊   ဈေးကွက်ရရှိရေး အတွက် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

 


နိုင်ငံတော်မှ စိုက်ပျိုးရေးချေးငွေများကို ယခင် ကတည်းက  ထုတ်ချေးပေးခဲ့ကြောင်း၊   နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသေးသည်များလည်း ရှိကြောင်း၊  နိုင်ငံတော်မှ ထုတ်ချေးပေးထားသည့် ကိုဗစ်-၁၉ ချေးငွေများနှင့်ပတ်သက်၍ ပြန်လည် ပေးဆပ်ရန်ကာလကို သက်တမ်းတိုးပေးသွားမည် ဖြစ်ကြောင်း၊ MSME လုပ်ငန်းတွင် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊   ဝန်ဆောင်မှုနှင့်  အခြားလုပ်ငန်းဟူ၍ ရှိကြောင်း၊  မိမိတို့နိုင်ငံတွင်  ကုန်ထုတ်လုပ်မှုထက် ဝန်ဆောင်မှုလုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုများပြားခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလို အား မမျှတဘဲ ကုန်ပစ္စည်းဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊  ထုတ်လုပ်မှုကုန်ကျစရိတ် များကိုလည်း   လျော့နည်းအောင်  ဆောင်ရွက်ရန် လိုကြောင်း၊  မိမိတို့အနေဖြင့်  ပြည်တွင်းစီးပွားရေးကို  အားပေးရန်၊   ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုအားပေးရန်နှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို အားပေးရန် လိုပြီး    တိုင်းပြည်၏အားသည်    ပြည်တွင်းမှာသာ ရှိကြောင်း၊  ဒေသအတွင်း  ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်ခြင်းကြောင့်   အလုပ်အကိုင်အခွင့် အလမ်းများ   များပြားလာမည်ဖြစ်ပြီး  ပြည်ပနိုင်ငံ များသို့ သွားရောက်လုပ်ကိုင်ရမှုများ နည်းပါးလာ မည်ဖြစ်ကြောင်း၊   ထို့ကြောင့်   ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို   မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

 


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မန္တလေးစက်မှု ဇုန်အတွင်းမှ ထုတ်လုပ်ထားသည့် စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ တိုင်းရင်းဆေး စသည့် ထုတ်ကုန်ပစ္စည်းများ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းသုံးယာဉ်များ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက်    စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး  ဈေးကွက်ရရှိမှု  အခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက်တာဝန်ခံများ က လိုက်လံရှင်းလင်းပြသကြသည်။

 


ညနေပိုင်းတွင်         နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင် များသည်  ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန် စေတီ ကုသိုလ်တော်မြတ်စွာဘုရားသို့   ရောက်ရှိကြ ပြီး  စေတီတော်ကြီးရှိ  ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ပြီး ဖူးမြော် ကြည်ညိုသည်။

 


ထို့နောက်  စေတီတော်ကြီးအား  လက်ယာရစ် လှည့်လည် ဖူးမြော်ကြည်ညို၍ စေတီတော်ကြီးနှင့် ကျောက်စာရုံများ၏ ပုံစံငယ်အသစ်ပြုလုပ်ထားရှိမှု၊ ရင်ပြင်တော်ကြမ်းခင်း၊     အဝင်စောင်းတန်းနှင့် ကျောက်ထက်အက္ခရာတင်        ပြာသာဒ်ဆောင် ပတ်လမ်းများ        နေပူခံကျောက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့်   ပြီးစီးမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး ဆောက်လုပ်ရေးလုပ်ငန်း များ သပ်ရပ်မှုရှိစေရေး တာဝန်ရှိသူများကို လမ်းညွှန် မှာကြားသည်။

 


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ        နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော်ကြီးရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ် တွင် လက်မှတ်ရေးထိုးပြီး စေတီတော်ကြီးအတွက် ဘက်စုံအလှူတော်ငွေများကို     ပေးအပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။                

 သတင်းစဉ်