တိုင်းပြည်၏ ကဏ္ဍအသီးသီး၌ ခေါင်းဆောင်များဖြစ်လာကြမည့် လူငယ်လူရွယ်မောင်မယ်များအနေဖြင့် လူကောင်းလူတော်များဖြစ်လာရန် ကြိုးစားကြစေလို

 

နေပြည်တော်  မေ  ၁၇


တိုင်းရင်းသား လူမျိုးများရေးရာ       ဝန်ကြီးဌာနက         ပြုလုပ်သော ယဉ်ကျေးလိမ္မာ    သင်တန်းဖွင့်ပွဲ  အခမ်းအနားကို မေ ၁၆ ရက်က  အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး      Jeng    Phang   နော်တောင်၊    ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊  ဒုတိယအမြဲတမ်း အတွင်းဝန်၊      ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အရာထမ်းများ၊     အမှုထမ်းများ၊  သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် သင်တန်း သား သင်တန်းသူများတက်ရောက် ကြသည်။

 


ရလဒ်ကောင်းများရရှိ


ဦးစွာ  ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းမိသားစုများ၏  သားသမီး များကို  ယဉ်ကျေးလိမ္မာပြီး  အသိ  ပညာ၊ အတတ်ပညာ၊  ဗဟုသုတ များ      တိုးပွားစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း      ဖြစ်ပါ ကြောင်း၊ ယခု သင်တန်းကို   တက် ရောက်ခြင်းဖြင့် လူမှုပတ်ဝန်းကျင် တွင် လူအများနှင့် ပိုမိုကောင်းမွန် စွာ ပေါင်းသင်း ပြောဆိုဆက်ဆံ နိုင်သည့်    အကျိုးကျေးဇူး   ရလဒ်  ကောင်းများကိုလည်း ရရှိလာနိုင် မည်ဖြစ်ပါကြောင်း၊ နောင်တစ်ချိန်    တိုင်းပြည်၏    ကဏ္ဍအသီးသီး၌ ခေါင်းဆောင်များဖြစ်လာကြမည့်     လူငယ်လူရွယ်     မောင်မယ်များ အနေဖြင့်     ယဉ်ကျေးလိမ္မာပြီး   အသိပညာ၊      အတတ်ပညာ၊ ဗဟုသုတများနှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူကောင်းလူတော် များ     ဖြစ်လာရန်    ကြိုးစားကြ စေလိုပါကြောင်း        ပြောကြား သည်။

 


ဆက်လက်၍ ဒုတိယဝန်ကြီး က  သင်တန်းသား  သင်တန်းသူ များ၏  ယဉ်ကျေးခြင်းနှင့်   လိမ္မာ ခြင်းတို့သည် ဤဝန်ကြီးဌာနမှ တစ်ဆင့် မြန်မာနိုင်ငံသားအားလုံး အတွက်     ယဉ်ကျေးလိမ္မာသော လူမျိုး၊     ယဉ်ကျေးလိမ္မာသော        အထောက်အပံ့ကောင်းများ  ဖြစ် မည်ဟု       ယုံကြည်ပါကြောင်း ပြောကြားသည်။


 သတင်းစဉ်