တိုင်းဧရာ ဖွံ့ဖြိုးစေဖို့ အထောက်အကူပြုလျက်ရှိသည့် လမ်းအမှတ် (၁၀)

Type

 

မေသော်
 

တိုင်းဒေသကြီးအတွင်း မြစ်လက်တက်များစွာ ခွဲဖြာစီးဆင်းနေပြီး မြစ်ဝကျွန်းပေါ်တစ်လျှောက် နုန်းမြေများ၊ လမုတောနှင့် ရွှံ့နွံတောများသည် ဆန်စပါး စိုက်ပျိုးဖြစ်ထွန်း အောင်မြင်ရန် သဘာဝအရင်းအမြစ်တစ်ခုအဖြစ် ဖြစ်တည်နေသည်။ ထိုသို့ သဘာဝအရ ဖြစ်တည်မှုအပေါ်အရင်းပြု၍ ဆန်စပါးကို ဒေသတွင်း ပြည်သူများ အဓိကထား စိုက်ပျိုးသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးကို “ မြန်မာနိုင်ငံ၏ စပါးကျီ ”ဟု တင်စားခေါ်ဝေါ်ကြသည်ပင်။ ရေအရင်းအမြစ်များ ပေါများသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် ဆန်စပါး သာမက ပဲ၊ ပြောင်း၊ နေကြာ စသော ကောက်ပဲသီးနှံများနှင့် ငါး၊ ပုစွန်၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ငါးပိ စသော ရေထွက်ကုန်ပစ္စည်းများလည်း ပေါများစွာ ထွက်ရှိသည်။
ထိုသို့ ဒေသတွင်းထွက်ရှိသည့် ထွက်ကုန်များကို ဈေးကွက်သို့အချိန်မီ တင်ပို့ရောင်းချပြီး ဒေသစီးပွား ဖွံ့ဖြိုးစေရန် လမ်းကွန်ရက်များကို   တိုင်းဒေသကြီး အတွင်း အဆင့်မြှင့်တင်လျက်ရှိသည်။ တိုင်းဒေသကြီး အတွင်း ကြွယ်ဝစွာတည်ရှိသည့် သဘာဝ  မြစ်၊ ချောင်း၊ အင်း၊ အိုင်များသည် ဒေသခံပြည်သူများ သွားလာ ဆက်သွယ်ရေးကို အဟန့်အတားမဖြစ်စေ ဘဲ ဒေသတွင်း  လူမှုစီးပွားကို   အကျိုးပြုနိုင်စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန  အနေ ဖြင့် ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။
အကျိုးပြုလမ်းများတွင် တစ်လမ်းအပါအဝင်ဖြစ်
လမ်းဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်း ဖော်ဆောင်လျက်ရှိသည့် အကျိုးပြုလမ်းများတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း လမ်းအမှတ်(၁၀) ဘိုကလေး- မော်လမြိုင်ကျွန်း-     ကျုံမငေးလမ်း (ဘိုကလေး-ဘိုးဘေး-အညာစုအပိုင်း)သည် တစ်လမ်းအပါအဝင် ဖြစ်သည်။
လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
“ဒီလမ်းဟာ   ပြည်ထောင်စုက   စီမံခန့်ခွဲတဲ့ လမ်းတစ်လမ်းဖြစ်ပါတယ်။ ကျွန်တော်တို့   စတင် တာဝန်ယူစဉ်ကာလမှာ မြေလမ်းအဆင့်ပဲရှိပြီးတော့ ဒေသခံပြည်သူတွေက  ရေလမ်းကိုပဲ   အဓိကထား သုံးစွဲနေခဲ့ရတယ်၊၊   အခုလို     မြေလမ်းအဆင့်မှ ကတ္တရာလမ်း၊   ကတ္တရာကွန်ကရစ်လမ်းအဆင့် တိုးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့တော့       လမ်းပန်း ဆက်သွယ်ရေးတွေ တိုးတက်လာတယ်။ ဒေသတွင်း ပြည်သူတွေ   ကုန်းလမ်းခရီးကို   အသုံးပြုနိုင်ပြီး ကုန်စည်စီးဆင်းမှုတွေ မြန်ဆန်လာတယ်။   ဒေသ တွင်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍပေါင်းစုံ တစ်ရှိန်ထိုး တိုးတက်လာတာကတော့ ထင်ရှားတဲ့     သာဓကတစ်ခုပါ။   ရာခိုင်နှုန်းပြည့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ရင်တော့ နွေ၊ မိုး၊ ဆောင်း ရာသီမရွေးလုံခြုံ စိတ်ချ၊ ချောမွေ့စွာ သွားလာအသုံးပြုနိုင်ကြမှာ   ဖြစ်ပါတယ်”    ဟု ဘိုကလေး-  မော်လမြိုင်ကျွန်း-   ကျုံမငေးလမ်း (ဘိုကလေး-ဘိုးဘေး-အညာစုအပိုင်း)ကို တာဝန် ယူ၍    လမ်းအဆင့်မြှင့်တင်ခြင်း     လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်   လမ်းဦးစီးဌာန    လမ်း ဆောက်လုပ်ရေး စီမံကိန်းအထူးအဖွဲ့(၂၁)မှ ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသန်းမြိုင်ထူးက  ပြော သည်။ 
လမ်းကွန်ရက်ရေးဆွဲဖောက်လုပ်
နာဂစ်မုန်တိုင်းပြီးစီးချိန်မှစတင်ကာ မြစ်ဝကျွန်း ပေါ် လမ်းကွန်ရက်အဖြစ် မအူပင်- မော်လမြိုင် ကျွန်းလမ်း၊ မော်လမြိုင်ကျွန်း-သစ်ပုတ်-ပြင်စလူ လမ်း၊ လပွတ္တာ-   သင်္ကန်းကြီး-   ပြင်စလူလမ်း၊ လပွတ္တာ-  သုံးခွ-  အုတ်တွင်း-  ထိပ်စွန်းလမ်း၊ ဘိုးကလေး-   ကြိမ်ချောင်း-     ကဒုံကနိလမ်း၊ ဘိုကလေး-  ထော်ပိုင်-  အမာလမ်း၊ ဖျာပုံ-ဒေါ်ငြိမ်း-အမာလမ်း၊ ကျုံကဒွန်း- စက်ဆန်းလမ်း၊ ပုသိမ်-သလပ်ခွာ-မော်တင်စွန်းလမ်း၊ ဘိုကလေး-မော်လ မြိုင်ကျွန်း- ကျုံမငေးလမ်း(ဘိုကလေး-ဘိုးဘေး-အညာစုအပိုင်း)၊ ပုသိမ်-ငပုတောလမ်း ဟူသည့် ဒေသဖွံ့ဖြိုးရေးလမ်းမကြီး ၁၁  လမ်းကို     လမ်း ကွန်ရက်  ရေးဆွဲဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေး ခိုင်မာအားကောင်းဖို့ လမ်းစီမံကိန်းတွေဆောင်ရွက်
 “ရှိနေတဲ့   အရင်းအမြစ်    မြစ်ချောင်းတွေက ဒေသအတွက် အကျိုးကျေးဇူးတွေ ဖြစ်စေဖို့ ဒီဒေသ မှာ လမ်းကွန်ရက်တွေ   အားကောင်းမှ  ဖြစ်မှာပါ။ ကျွန်တော်တို့ဆီမှာ နာဂစ်မုန်တိုင်းဒဏ်  ခံရပြီးတော့ ပျက်စီးဆုံးရှုံးတာတွေ  များခဲ့တယ်။ ဒီလိုပျက်စီးမှု တွေကို ကျော်လွန်ပြီး    ဒေသတွင်း  လူမှုစီးပွားတွေ နောက်မကျရအောင်     လမ်းပန်းဆက်သွယ်ရေး ခိုင်မာအားကောင်းဖို့ လမ်းစီမံကိန်းတွေ ဆောင်ရွက် ပေးတာတွေ  ရှိပါတယ်။ ဒါကြောင့်လည်း  လမ်းပန်း ဆက်သွယ်ရေး    အခြေခံကောင်းရတဲ့အတွက် ကျွန်တော်တို့ဒေသက အရင်းအမြစ်တွေကို အသုံးပြု ပြီးတော့ ဒေသရဲ့အဓိကစီးပွားဖြစ်တဲ့ စိုက်ပျိုးရေးကို လုပ်နိုင်ပါတယ်။       ဒါကြောင့်လည်း      တခြား တိုင်းဒေသကြီး၊ ပြည်နယ်တွေနဲ့တစ်ပြေးညီ  ဖွံ့ဖြိုးမှု ရှိနေတာပါ” ဟု   မော်လမြိုင်ကျွန်းမြို့မှ    ဒေသခံ ဦးလှဝင်းက ပြောသည်။
    ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်မှု  စီမံကိန်းလမ်းအမှတ်(၁၀)  ဖြစ်သော ဘိုကလေး-   မော်လမြိုင်ကျွန်း-   ကျုံမငေးလမ်း (ဘိုကလေး-ဘိုးဘေး-အညာစုအပိုင်း)သည် မြစ်၊ ချောင်းများပေါများလှသည့် ဖျာပုံခရိုင်    ဘိုကလေး မြို့မှ    လပွတ္တာခရိုင်   မော်လမြိုင်ကျွန်းမြို့နှင့် ကျုံမငေးမြို့တို့ကိုဖြတ်ကာ မြောင်းမြခရိုင် ဝါးခယ်မ မြို့အထိ ဖြတ်သန်းဖောက်လုပ်ထားသော ၂၂  မိုင် ခုနစ်ဖာလုံ ရှည်လျားသည့် အဓိကလမ်းမကြီးတစ်ခု ဖြစ်သည်။ 
လမ်းတစ်ခုလုံးရဲ့ ၉၂ ရာခိုင်နှုန်းခန့်
ဆောင်ရွက်ပြီးဖြစ်
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရရှိရန်ပုံငွေဖြင့် မူလ အမာခံလမ်း(နှစ်မိုင်ခြောက်ဖာလုံ) အနက်တစ်မိုင် ကို  အကျယ်  ၁၈ ပေ ကတ္တရာကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်တွင် လမ်းတစ်ခုလုံးရဲ့ ၉၂ ရာခိုင်နှုန်းခန့်ကို     ကတ္တရာ လမ်း၊ကတ္တရာကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီး ဖြစ်သည်။ 
အဆင့်မြှင့်တင်ရန်ကျန်ရှိသည့် တစ်မိုင်ခြောက် ဖာလုံကို    ကတ္တရာကွန်ကရစ်လမ်းအဖြစ် အဆင့် မြှင့်တင်နိုင်ရန်အတွက်    ရန်ပုံငွေလျာထား    တင်ပြ ထားရှိပြီး   ရန်ပုံငွေရရှိမှုအပေါ်  မူတည်၍  အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း  သိရ သည်။
မော်လမြိုင်ကျွန်းမြို့နေ ဦးမင်းသူက “အရင်က ကျွန်တော်တို့ ဒေသမှာ ၁၅  မိုင် လောက်ပဲဝေးတဲ့ ဝါးခယ်မမြို့မှာရှိတဲ့ ဆွေမျိုး၊  မိတ်ဆွေတွေဆီကို ကုန်းလမ်းခရီးက သွားချင်ရင် မော်လမြိုင်ကျွန်းမြို့၊ မအူပင်မြို့တွေကိုဖြတ်ပြီး ရန်ကုန်-ပုသိမ်လမ်းက တစ်ဆင့် အိမ်မဲ-ကျွန်းကုန်း-ဝါးခယ်မလမ်းအတိုင်း ကွေ့ပတ်သွားရတာ  အနည်းဆုံး    ခြောက်နာရီ လောက် ကြာတယ်။ အခုတော့ မော်လမြိုင်ကျွန်းမြို့နဲ့ ဝါးခယ်မမြို့ကြား  ကတ္တရာလမ်းတွေခင်း၊ တံတား တွေထိုးပြီးဖြစ်ပါတယ်။ အမာခံလမ်းက နည်းနည်းပဲ သွားရတာပါ။ လမ်းပိုင်းတွေက အဆင့်မြှင့်ထားတော့ အခုက ကားနဲ့ပဲ သွားသွား၊ ဆိုင်ကယ်နဲ့ပဲ သွားသွား နာရီဝက်ဆိုတာ အကြာဆုံးပဲ” ဟု ပြောသည်။
သို့ဖြစ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန   လမ်း ဦးစီးဌာန လမ်းဆောက်လုပ်ရေး  စီမံကိန်းအထူး အဖွဲ့(၂၁)မှ တာဝန်ယူ   ဆောင်ရွက်လျက်ရှိသော ဘိုကလေး-   မော်လမြိုင်ကျွန်း-  ကျုံမငေးလမ်း (ဘိုကလေး-ဘိုးဘေး-အညာစုအပိုင်းနာဂစ်လမ်း ကွန်ရက်လမ်းအမှတ် (၁၀)ကို  ယခုကဲ့သို့  ကတ္တရာ လမ်း၊   ကတ္တရာကွန်ကရစ်လမ်းများအဖြစ် အဆင့် မြှင့်တင်ပေးခြင်းအားဖြင့် ယခင်က အချိန်ကြာမြင့်စွာ သွားလာနေခဲ့ကြရသော  ဒေသတွင်း မြို့နယ်များသို့ အချိန်တိုအတွင်း     သွားလာနိုင်ကြပြီဖြစ်သည်။ ထို့အတူ ဒေသတွင်း ကုန်စည်စီးဆင်းမှု လွယ်ကူ မြန်ဆန်လာပြီး သယ်ယူပို့ဆောင်စရိတ်   လျော့ကျ စေနိုင်သည့်အပြင် ဒေသတွင်း  ကျန်းမာရေး၊ ပညာ ရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍပေါင်းစုံ တစ်ပြေးညီ ဖွံ့ဖြိုးရေးအတွက်ပါ     အထောက်အကူပြုလျက် ရှိသည့် လမ်းအမှတ် (၁၀) ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရသည်။         ။