တိုင်းဒေသကြီး/ပြည်နယ်များရှိ သတ်မှတ်အရောင်းဆိုင်များတွင် သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီဖြန့်ဖြူးရောင်းချပေး

 

နေပြည်တော်   အောက်တိုဘာ   ၂၉            


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်ပြည်သူများ သက်သာသောဈေးနှုန်းဖြင့်  ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို ၂၂-၉-၂၀၂၁ ရက်နေ့မှစတင်၍ တိုင်းဒေသကြီး/ပြည်နယ်များတွင်  ရောင်းချပေးလျက် ရှိပြီး 92 Ron (၁၉,၈၄၀,၃၉၉) လီတာ၊ ဒီဇယ် (၁၂,၈၆၉,၄၄၁) လီတာနှင့် Premium ဒီဇယ် (၁၈,၆၂၇,၅၇၁)လီတာတို့ ဖြန့်ဖြူးရောင်းချပေးထားပြီးဖြစ်ပါသည်။

 


တိုင်းဒေသကြီး/ ပြည်နယ်များတွင် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် စက်သုံးဆီ ဆိုင်လိပ်စာ များအား ကြေညာခဲ့ပြီးဖြစ်ပါသည်။
စားသုံးသူပြည်သူများအနေဖြင့် စက်သုံးဆီများကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သတ်မှတ်စက်သုံး ဆီ အရောင်းဆိုင်များတွင် အောက်ဖော်ပြပါဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဖုန်း ၀၉-၄၂၁၀၀၆၇၉၄ တို့ကို ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။  

                                                              
  သတင်းစဉ်