တိုင်းဒေသကြီး/ပြည်နယ်များရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းများမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား၊ အကျဉ်းသူများအား လွတ်ငြိမ်းခွင့်ပြုပေးလျက်ရှိ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)အထိမ်းအမှတ်အားဖြင့် ဩဂုတ် ၁ ရက်က တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်စခန်းများတွင် ပြစ်ဒဏ်ကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူများ၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခြင်းနှင့် ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လျှော့ပေါ့၍ လွတ်ငြိမ်း သက်သာခွင့်ပြုပေးခဲ့ရာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူများအား သက်ဆိုင်ရာ မြို့နယ်အလိုက် လွတ်ငြိမ်းခွင့်ပြုပေးနေမှုများကို စုစည်းဖော်ပြအပ်ပါ သည်။
ရှမ်းပြည်နယ်
ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်များမှ  ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ဖြင့်     လွတ်မြောက်သွားသူ   အကျဉ်းသား၊  အကျဉ်းသူများအား သက်ဆိုင်ရာ မြို့နယ်အလိုက် စားစရိတ်၊ ခရီးစရိတ်တို့ကို  ပေးအပ်၍ စနစ်တကျ  လွတ်ငြိမ်းခွင့်ပြုပေးခဲ့ရာ ညောင်ရွှေအကျဉ်းထောင်မှ ၁၇၀၊ ကျိုင်းတုံအကျဉ်းထောင်မှ ၆၂ ဦး၊ လားရှိုးအကျဉ်းထောင်မှ ၁၀၁ ဦး၊ သီပေါအကျဉ်းထောင်မှ ၂၁ ဦး၊ မိုင်းဆတ်အကျဉ်းထောင်မှ ကိုးဦး၊ တောင်ကြီးအချုပ်ထောင်မှသုံးဦး၊ စခန်းအသီးသီးမှ ၈၈ ဦး စုစုပေါင်း ၄၅၄ ဦး လွတ်မြောက်ခဲ့ကြောင်းသိရသည်။
မောင်မောင်သန်း(တောင်ကြီး)
မွန်ပြည်နယ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းဦးစီးဌာန မွန်ပြည်နယ်  ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ  အကျဉ်း ထောင်/အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်း သား ၄၁၀၊ အကျဉ်းသူ ၉၀ စုစုပေါင်း ၅၀၀  လွတ်မြောက်သည်။
 ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရရှိသည့် အကျဉ်းသားအကျဉ်းသူ ၅ဝဝ ကို  ထောင်လွတ်လက်မှတ်များ  ထုတ်ပေးခြင်း၊   ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်နှင့် အသိပညာပေး လက်ကမ်း စာစောင်များ ပေးဝေခြင်းနှင့်    စားစရိတ် ကျပ် ၃၈၉၀၀၀၊    ခရီးစရိတ် ကျပ် ၁၃၃၄၂၀၉၊ လုပ်အားရှင်ခံစားခွင့် ကျပ် ၅၄၂၈၂၀၀ စုစုပေါင်းကျပ် ၇၁၅၁၄၀၉ ကို ထုတ်ပေး၍ လွှတ်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
ကျိုက်ထို
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ကျိုက်ထိုမြို့နယ် အကျဉ်းစခန်းသုံးခုတို့မှ အကျဉ်းသား၊ အကျဉ်းသူ ၁၀၆ ဦးအား ဩဂုတ် ၁ ရက် မွန်းလွဲပိုင်းက လွှတ်ပေးခဲ့သည်။
ထိုသို့လွှတ်ပေးရာတွင် မုပ္ပလင်အမျိုးသားကုန်ထုတ်စခန်း အကျဉ်း ထောင်မှ ၂၉ ဦး၊ မုပ္ပလင်အမျိုးသမီး ကုန်ထုတ်စခန်း အကျဉ်းထောင်မှ ၃၉ ဦး၊ အင်္ဂဘိုရော်ဘာစိုက်ပျိုးရေးစခန်း(ရွှေဖြူ)အကျဉ်းထောင်မှ ၃၈ ဦး စုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ ၁၀၆ ဦးတို့အား   ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။
ကျိုက်ထို(ပြန်/ဆက်)
ရခိုင်ပြည်နယ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ  အကျဉ်းသား၊ အကျဉ်းသူ ၂၅၆ ဦး လွတ်မြောက်ကြောင်း သိရသည်။
ထိုသို့လွတ်ငြိမ်းသက်သာခွင့်ပေးရာတွင် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၃၈ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ အကျဉ်းသား ၆၄ ဦး၊ ဘူးသီးတောင်အကျဉ်းထောင်မှ ၄၉ ဦးနှင့် သံတွဲအကျဉ်းထောင်မှ အကျဉ်းသား ၁၀၅ ဦး စုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ  ၂၅၆ ဦး လွတ်မြောက်ကြောင်း သိရသည်။ 
တင်ထွန်း(ပြန်/ဆက်)
ရွှေဘို
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်း သူ ၈၄ ဦးအား ယမန်နေ့ မွန်းလွဲပိုင်းက လွှတ်ပေးခဲ့သည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့်  ရွှေဘိုအကျဉ်းထောင်မှ  အကျဉ်း သား ၇၇ ဦး၊ အကျဉ်းသူခုနစ်ဦး စုစုပေါင်း ၈၄ ဦးအား အကျဉ်းထောင် အစည်းအဝေးခန်းမ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ ခရိုင် ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး အောင်ရာဇာဖြိုး၊ ရွှေဘိုအကျဉ်းထောင် တာဝန်ခံ အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး  ဦးအောင်ကြည်လှိုင်တို့က ဆုံးမစကားများ   ပြောကြားပြီး     ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်များပေး၍ လွှတ်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
မုံရွာ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့  အကျဉ်းဦးစီးဌာန  မုံရွာအကျဉ်း ထောင်၌ ပြစ်ဒဏ်ကျခံနေရသူများမှ အကျဉ်းသား ၃၂ ဦး နှင့် အကျဉ်းသူ သုံးဦး  စုစုပေါင်း ၃၅  ဦးကို  ဩဂုတ် ၁  ရက်က လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
လွတ်ငြိမ်းခွင့်ရရှိသူများအား     ဒုတိယခရိုင်    အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းနှင့်  အကျဉ်းထောင်တာဝန်ခံအရာရှိတို့က ဆုံးမ စကားများပြောကြားပြီးနောက် ထောင်လွက်လက်မှတ်များ၊ ကိုဗစ်-  ၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ နှင့်  ခရီးစရိတ်  ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
ထားဝယ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်အကျဉ်းထောင်၌  ပြစ်ဒဏ်ကျခံ နေရသည့် အကျဉ်းသား ၊ အကျဉ်းသူ ၄၄ ဦးအား ယမန်နေ့ မွန်းလွဲပိုင်းက လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ကြောင်း သိရသည်။
ထိုသို့လွှတ်ပေးရာတွင် လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသား ၄၁ ဦး အကျဉ်းသူသုံးဦးအား  ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူး   တင်ဌေးနှင့် တာဝန်ရှိသူများက ဆုံးမစကားများ ပြောကြားခဲ့ကြကာ  ထောင်လွတ် လက်မှတ်နှင့်အတူ သတ်မှတ်ခရီးစရိတ်များအား ထုတ်ပေးပြီး     စနစ် တကျလွှတ်ပေးခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)
သာယာဝတီ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် သာယာဝတီဗဟို အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၂၅၄  ဦး အား ဩဂုတ် ၁ ရက်က  လွှတ်ပေးခဲ့သည်။ ထို့သို့လွှတ်ပေးရာတွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား၂၂၅ဦး၊ အကျဉ်းသူ ၂၉ ဦး စုစုပေါင်း ၂၅၄ ဦးတို့အား သာယာဝတီအကျဉ်းဦးစီးဌာနမှ တာဝန်ခံ အရာရှိ   ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်နှင့်   တာဝန်ရှိသူများက  စနစ်တကျ လွှတ်ပေးခဲ့ကြကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)
မြင်းခြံ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မန္တလေးတိုင်းဒေသကြီး မြင်းခြံဗဟိုအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရ သူများမှ အကျဉ်းသား ၁၀၉ ဦးနှင့် အကျဉ်းသူ ၂၁ ဦး စုစုပေါင်း ၁၃၀ကို ယမန်နေ့က လွတ်ငြိမ်းခွင့်ပြုပေးခဲ့သည်။
အခမ်းအနားတွင်       မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အမှာစကားပြောကြားပြီး  ခရိုင်ရဲတပ်ဖွဲ့    ဒုတိယ ရဲမှူးကြီး ထွန်းမြက ဩဝါဒစကားများ ပြောကြားသည်။   ထို့နောက် မြင်းခြံဗဟိုအကျဉ်းထောင်တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ချိုက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁(၁) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 
ထို့နောက် တာဝန်ရှိသူများက   ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသားများအား ထောင်လွတ်လက်မှတ်၊    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်နှင့် အသိပညာပေးလက်ကမ်း စာစောင်များ၊ လွတ်လူစားစရိတ်နှင့် ခရီးစရိတ်များ ပေးအပ်သည်။
ကျော်စွာ(မြင်းခြံ)
မိတ္ထီလာ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အကျဉ်းဦးစီးဌာနမှ လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား အကျဉ်းသူ  ၇၁ ဦးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက နန်းတော်ကုန်းရပ်ကွက်ရှိ    အကျဉ်းထောင်မှ လွှတ်ပေးခဲ့ ကြောင်း သိရသည်။
လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား၊ အကျဉ်းသူများအား ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အကျဉ်းထောင်တာဝန်ရှိသူ များက မိတ္ထီလာအကျဉ်းဦးစီးဌာနရုံးခန်း၌ ဆုံးမသြဝါဒစကားများ ပြောကြားပြီး  အကျဉ်းသား၊  အကျဉ်းသူများအား လမ်းစရိတ်အဖြစ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။  ယင်းနောက် မိတ္ထီလာ မြို့နယ်အကျဉ်းဦးစီးဌာနရှိ အကျဉ်းထောင်မှ အကျဉ်းသား ၅၆  ဦးနှင့် အကျဉ်းသူ ၁၅ ဦးတို့ကို လွှတ်ပေးခဲ့ကြောင်း သိရသည်။     
                                                  သိန်းမြင့်ကျော်(မိတ္ထီလာ)
မြောင်းမြ 
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြအကျဉ်းထောင်၌    ပြစ်ဒဏ် ကျခံနေသည့် အကျဉ်းသားများအနက်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏အမိန့်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရ  အကျဉ်းသား ၁၅၃ ဦး၊ အကျဉ်းသူ ၄၁ ဦး စုစုပေါင်း ၁၉၄ ဦးအား ယမန်နေ့ မွန်းလွဲပိုင်း က  လွှတ်ပေးခဲ့သည်။
ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား၊ အကျဉ်းသူ ၁၉၄ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်  တာဝန်ရှိသူများက  မြောင်းမြအကျဉ်းထောင် မြဧရာခန်းမ၌ ဆုံးမစကားပြောကြားခဲ့ပြီး ထောင်ပိုင်ကြီးမှ ထောင်လွက် လက်မှတ်နှင့် ခရီးစရိတ်၊ စားစရိတ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)
မအူပင်  
ဧရာဝတီတိုင်းဒေသကြီး မအူပင်အကျဉ်းထောင်၌  ပြစ်ဒဏ်ကျခံ နေသည့် အကျဉ်းသား ၉၃ ဦးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့်  ဩဂုတ်  ၁ ရက်က လွတ်ငြိမ်းခွင့်ပြုပေး ရာ မိသားစုများက  ဝမ်းသာစွာဖြင့်   လာရောက်ကြိုဆိုကြကြောင်း သိရသည်။                                                           ခရိုင်(ပြန်/ဆက်)
သရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် သရက်အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၁၂၉ ဦး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရရှိကြောင်း သိရသည်။
အဆိုပါ  လွတ်ငြိမ်းခွင့် ရရှိသူများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက အကျဉ်းထောင် ဓမ္မာရုံ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင် များက တွေ့ဆုံ၍  ဆုံမစကားပြောကြားကာ   အကျဉ်းသား ၁၁၉ ဦး၊ အကျဉ်းသူ ၁၀ ဦးတို့အား သက်ဆိုင်ရာကားဂိတ်များသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။                                               ခရိုင်(ပြန်/ဆက်)