တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  နိုဝင်ဘာ  ၁၉    


တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးတို့၌ သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာ ရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊  အကျဉ်းသူများ၊ မသန်စွမ်းသူများ၊    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊   နာတာရှည် ရောဂါအခံရှိသူများ၊    ကယ်ဆယ်ရေးစခန်းများ၊    ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ    ပြည်သူ များ၊  အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ် တန်းနှင့်     အထက်တန်းအဆင့်   ကျောင်းသား ကျောင်းသူများ စသည့်ဦးတည်အုပ်စုများသတ်မှတ်၍   တပ်မတော်မှဆေးအဖွဲ့များ၊   ပြည်သူ့ဆေးရုံများမှ   ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိသည်။

 


ကာကွယ်ဆေးထိုးနှံပေး


ထိုသို့    ဆောင်ရွက်လျက်ရှိရာ   ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်သုံးမြို့ နယ်တို့၌ ဒေသခံပြည်သူ ၁၁၄၂ ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်သုံးမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၁၀၆၀ ၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တို့၌ သံဃာတော်များ နှင့် ဒေသခံပြည်သူ ၂၉၈၂၁ ဦး၊ တနင်္သာရီတိုင်းဒေသ ကြီးအတွင်းရှိ   မြို့နယ်လေးမြို့နယ်တို့၌  ဒေသခံ ပြည်သူ ၂၅၆၈ ဦး၊  ရန်ကုန်တိုင်းဒေသကြီး တာမွေ မြို့နယ်၌ ဒေသခံပြည်သူ ၁၇၅၀၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၄၃၀၀ ၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်သုံးမြို့နယ် တို့၌ ဒေသခံပြည်သူ ၃၇၇၀ ၊ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၌ ဒေသခံပြည်သူ ၃၀ ၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ   ခရိုင်ခုနစ်ခုမှ  ဒေသခံ ပြည်သူ ၈၄၀၀ နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးမြို့နယ်တို့၌ ဒေသခံပြည်သူ ၃၈၈၅ ဦး တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ   ဆရာဝန်များ၊   သက်ဆိုင်ရာ  ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 


ပူးပေါင်းဆောင်ရွက်

ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့နှင့် နောင်ချိုမြို့တို့၌ ကျောင်းသား ကျောင်းသူ ၃၀၈၄ ဦး၊     ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်လေးမြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၃၇၆ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၁၀၀၈ ဦး၊ ရခိုင်ပြည်နယ် မြေပုံမြို့၌ ကျောင်းသား ကျောင်းသူ ၁၉၂၂ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၇၈၂ ဦးနှင့် ပဲခူးတိုင်းဒေသ ကြီး  တောင်ငူမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၁၁၀၈ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည် များ  ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်