
နေပြည်တော် နိုဝင်ဘာ ၅
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်း သူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေး စခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်း ရှိပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုး ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်လေး မြို့နယ်တို့၌ ဒေသခံပြည်သူ ၇၇၂ ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်လေးမြို့နယ်တို့၌ ဒေသခံပြည်သူ ၂၉၆၀၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်းရှိ မြို့နယ်၁၃မြို့နယ်တို့၌ သံဃာ တော်များနှင့် ဒေသခံပြည်သူ ၁၇၃၆၅ ဦး၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်လေးမြို့နယ်၌ ဒေသခံပြည်သူ ၃၄၁၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၄၃၆၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၂၆၅၁ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ခုနစ် မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၁၅၄၇ ဦး၊ စစ်ကိုင်း တိုင်းဒေသကြီး ခန္တီးမြို့၌ ဒေသခံပြည်သူ ၄၅၀၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုမှ ဒေသခံပြည်သူ ၈၆၅၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင် ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ် လေးမြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၉၄ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၁၈၄ ဦး၊ တနင်္သာရီတိုင်းဒေသကြီး ခမောက်ကြီးမြို့နယ်နှင့် ပုလောမြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၀၄ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၂၅၀၊ ရခိုင် ပြည်နယ် ကျောက်ဖြူမြို့နှင့် မြေပုံမြို့တို့၌ ကျောင်းသား ကျောင်းသူ ၁၂၄၁ ဦးနှင့် ပဲခူးတိုင်းဒေသ ကြီး ထန်းတပင်မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၉၉၆ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်