
နေပြည်တော် အောက်တိုဘာ ၂၇
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၅၅ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့၌ ဒေသခံပြည်သူ ၁၀၀၊ ရှမ်းပြည် နယ် အရှေ့ပိုင်း အတွင်းရှိ မြို့နယ် ၉ မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၂၅၁၅ ဦး၊ မွန်ပြည်နယ် (ယာပုံ) နှင့် ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်၌ ဒေသခံပြည်သူ ၂၂၂၁၃ ဦး၊ တနင်္သာရီတိုင်းဒေသကြီး အတွင်း ရှိ မြို့နယ် ၄ မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၅၂၆၉ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ၇ မြို့နယ်တို့၌ ဒေသခံပြည်သူ ၈၃၄၀၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၃၄၉၅၉ ဦး၊ ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်းရှိ မြို့နယ် ၁၀ မြို့နယ် တို့၌ ဒေသခံပြည်သူ ၂၄၂၆၉ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၃ မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၁၅၂ ဦး၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၇ ခရိုင်တို့၌ ဒေသခံပြည်သူ ၇၄၇၅ ဦးနှင့် ပဲခူးတိုင်းဒေသကြီး မိုးညို မြို့နယ်၌ ဒေသခံပြည်သူ ၇၅၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင် ရွက်ပေးနိုင်ခဲ့သည်။
ထို့အတူ အခြေခံပညာ ကျောင်းများကို ပြန်လည်ဖွင့်လှစ် နိုင်ရေး၊ ကျောင်းများ ဖွင့်လှစ်စဉ် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့် ကာကွယ်ဆေး လွှမ်းခြုံမှုအလျင်အမြန်ရရှိစေရေးတို့အတွက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိရာ ယနေ့တွင် ဧရာ ဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်း သား၊ ကျောင်းသူ ၇၃၂၁ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၄ မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၅၂၇၄ ဦး၊ စစ်ကိုင်း တိုင်းဒေသကြီး မြို့နယ် ၃ မြို့ နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၁၁၇၈ ဦး၊ မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ ခရိုင် ၇ ခရိုင်တို့၌ ကျောင်းသား ကျောင်းသူ ၈၃၁၂၀ နှင့် ပဲခူးတိုင်းဒေသကြီး ထန်းတပင် မြို့နယ်နှင့် သာယာဝတီမြို့နယ် တို့၌ ကျောင်းသား ကျောင်းသူ ၂၂၆ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးနေ မှုများကို သက်ဆိုင်ရာမှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်