
နေပြည်တော် စက်တင်ဘာ ၃၀
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိကကျ သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝန်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန် အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးသို့ တပ်မတော် လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိသည်။
ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့ နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင် ခန်း၌ ထားရှိသည့် ဆေးတစ်လုံးလျှင် လူငါးဦးထိုးနိုင်သော Sinopharm နှင့် Myancopharm ဆေးများကို ယနေ့တွင် ချင်းပြည်နယ် ဖလမ်းမြို့သို့ Sinopharm ဆေးအလုံး ၁၀၀ ၊ Myancopharm ဆေး အလုံး ၄၄၀ နှင့် ဆေးထိုးအပ်များ၊ တီး တိန်မြို့သို့ Myancopharm ဆေးလုံး ၉၀ နှင့် ဆေးထိုးအပ်များ၊ တွန်းဇံမြို့သို့ Myancopharm ဆေး ၄၈ လုံးနှင့် ပလက် ဝမြို့သို့ Myancopharm ဆေး ၄၃၄ လုံး နှင့် ဆေးထိုးအပ်များ၊ မတူပီမြို့နှင့် မင်းတပ်မြို့သို့ ဆေးထိုးအပ်များ၊ ဂန့်ဂေါ မြို့သို့ ဆေးထိုးအပ်များ၊ ဟားခါးမြို့သို့ ဆေးထိုးအပ်များ၊ စစ်ကိုင်းတိုင်းဒေသ ကြီး မုံရွာမြို့သို့ Sinopharm ဆေးအလုံး ၂၄၀၀၀ ၊ Myancopharm ဆေးအလုံး ၁၀၀၀၀၊ ဆေးထိုးအပ်များ၊ ကလေးမြို့သို့ Myancopharm ဆေးအလုံး ၆၀၀ ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ Sino-pharm ဆေးအလုံး ၂၀၀၀ ၊ ဆေးထိုး အပ်များ၊ ကယားပြည်နယ် လွိုင်ကော် မြို့သို့ Sinopharm ဆေး ၂၇၃၉ လုံး၊ Myancopharm ဆေး ၈၃၉ လုံး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ Sinopharm ဆေးအလုံး ၄၀၀၀ နှင့် ဆေး ထိုးအပ်တို့ကို တပ်မတော်လေယာဉ်များ ဖြင့် ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများ သို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်