တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူများအား တပ်မတော်ဆေးရုံများ၌ ဆက်လက် လက်ခံကုသပေးလျက်ရှိ

နေပြည်တော်  ဖေဖော်ဝါရီ  ၂၇


တိုင်းဒေသကြီးနှင့်  ပြည်နယ်များရှိ တိုင်းရင်းသား   ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲ များကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော် ဆေးရုံများနှင့်  ယာယီကုသရေး ဆေးရုံများတွင်  ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက် ပေးလျက်ရှိရာ  ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၃၆၁၃၃ ဦး၊ အတွင်းလူနာ ၃၅၅၀ ဦးကို တပ်မတော်မှ  ပါရဂူများ၊ ဆေးမှူးများ၊   သူနာပြုများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့်   လူနာ     များအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံ တက်ရောက်ကုသရန်   လိုအပ် သော  လူနာများအား ဆေးရုံတင် ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ  ဆောင်ရွက်ပေး သည့်အပြင် ဆေးရုံတက်လူနာ များနှင့် လူနာစောင့်များ နေထိုင် စားသောက်ရေး အဆင်ပြေစေရန် အတွက်ကိုပါ     စီမံဆောင်ရွက်    ပေးသည်။


ထိုသို့ လာရောက်ကုသမှုခံယူ လျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသရန် လိုအပ် သူ   ၁၅၉၂  ဦး၊  အသေးစား       ခွဲစိတ်ကုသရန်  လိုအပ်သူ  ၈၇၀၊ စုစုပေါင်း ၂၄၆၂ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာ ရှိသည့် လူနာများကိုလည်း ပါရဂူ များ၊ ဆေးမှူးများဖြင့်   အထူး ကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင်    ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာ များကို တပ်မတော်ဆေးရုံ အသီး သီးတွင် တက်ရောက်စေလျက် ရှိပြီး  ၎င်းတို့အနက် ၉၀၉ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၁၃၃၁ ဦးကို  သာမန်မွေးဖွားပေးနိုင်ခဲ့ ခြင်းကြောင့် ယနေ့အထိ ကလေး ငယ် ၂၂၄၀  ကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။ 


ထို့ပြင်    မန္တလေးတိုင်းဒေသ ကြီး  ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံနှင့်  ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ  တပ်မတော် ဆေးရုံ တို့တွင်   သွေးလိုအပ်ချက်များ အထောက်အကူ   ဖြစ်စေရန် အတွက် ယနေ့တွင် ဆရာတော်၊ သံဃာတော်များ၊ ဒေသခံပြည်သူ များနှင့် နယ်မြေခံတပ်မတော်သား များက စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြသည်။


ယင်းသို့    ဒေသခံပြည်သူ     များအား  ဆေးကုသပေးနေမှု အခြေအနေများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်  အသီးသီးမှ တိုင်းမှူးများနှင့်   တာဝန်ရှိသူ များက   သွားရောက်ကြည့်ရှု အားပေးပြီး ဆေးရုံတက်ရောက် ကုသမှု ခံယူနေသော  လူနာများ အတွက်  စားသောက်ဖွယ်ရာ     များနှင့်    ကျန်းမာရေးဝန်ထမ်းများ အတွက်  ချီးမြှင့်ငွေများ    ပေးအပ် ခဲ့ကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်