တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံများ၌ လက်ခံကုသ

နေပြည်တော်  ဖေဖော်ဝါရီ  ၁၅


တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ  တိုင်းရင်းသားပြည်သူ များ၏ ကျန်းမာရေးဆိုင်ရာ  အခက်အခဲများကို  တစ်ထောင့် တစ်နေရာမှ   အထောက်အကူပြုစေရန်အတွက်   မြို့နယ် အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့်   ယာယီကုသရေး ဆေးရုံများတွင်     ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ပမှဆရာဝန်များသည်လည်း ၎င်းတို့၏သဘောဆန္ဒအလျောက်    ကုသရေးလုပ်ငန်း များတွင်   လာရောက်ပူးပေါင်း  ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။


ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၉၆၈၈ ဦး၊ အတွင်းလူနာ ၄၂၈၈ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ပြည်သူများကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊  ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများကို ဆေးရုံတင်ကာ  ကျန်းမာရေး စောင့်ရှောက်ပေး ခြင်းနှင့်  ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင် စားသောက်ရေးအဆင်ပြေစေရန်အတွက်    စီမံဆောင်ရွက် ပေးလျက်ရှိသည်။


ထိုသို့   လာရောက်ကုသမှုခံယူလျက်ရှိသည့်  လူနာ များအနက်   အကြီးစားခွဲစိတ်ကုသရန် လိုအပ်သူ ၄၁၁ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၁၉၈ ဦး    စုစုပေါင်း ၆၀၉ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း   ပါရဂူများ၊   ဆေးမှူးများဖြင့် အထူး ကြပ်မတ် ကုသပေးလျက်ရှိသည်။  ထို့အပြင် ကလေးမီးဖွား ရန် အခက်အခဲဖြစ်နေသည့်   မွေးလူနာများကို တပ်မတော် ဆေးရုံအသီးသီးတွင်   တက်ရောက်စေလျက်ရှိပြီး    ၎င်းတို့ အနက် ၂၅၀ ကို   ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၄၂၂ ဦးကို သာမန် မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ အနာဂတ် မျိုးဆက်သစ် ကလေးငယ် ၆၇၂ ဦးကို မွေးဖွားနိုင်ခဲ့သည်။


တိုင်းရင်းသားပြည်သူများအနေဖြင့်    ကျန်းမာရေး ဆိုင်ရာ   အခက်အခဲများ   ဖြစ်ပေါ်လာပါက   နီးစပ်ရာ တပ်မတော်ဆေးရုံများသို့  အချိန်မရွေး ဆက်သွယ်ဆေးကုသ မှု ခံယူနိုင်ကြောင်းနှင့်   သက်ဆိုင်ရာ  ဆေးရုံများမှလည်း လွှဲပြောင်းကုသမှုခံယူနိုင်ကြောင်း သိရသည်။


ယနေ့တွင်   သက်ဆိုင်ရာမြို့နယ်များရှိ   နယ်မြေခံ တပ်မတော်ဆေးရုံများသို့ ဆေးရုံလာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး    ဆေးရုံတက်ရောက်ကုသမှု   ခံယူနေ သော လူနာများအတွက် စားသောက်ဖွယ်ရာများ  ပေးအပ်ခဲ့ ကြောင်း   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ 


သတင်းစဉ်