တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

 

နေပြည်တော်   ဒီဇင်ဘာ   ၂၀
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာ ရေးခေါင်းဆောင်များအပါအဝင်      လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူ များ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊      ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်း နှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ များစသည့်       ဦးတည်အုပ်စုများ    သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊  သူနာပြုများ၊  ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၉ ရက် နှင့်  ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ရှိ မြို့နယ် ၁၂ မြို့နယ်တို့၌ဒေသခံပြည်သူ ၅၃၀၄ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ        မြို့နယ် ငါးမြို့နယ်တို့၌ ဒေသခံပြည်သူ ၂၆၄၀၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ် တို့၌ ဒေသခံပြည်သူ ၉၇၆၅ ဦး၊ တနင်္သာရီတိုင်း ဒေသကြီး   မြိတ်မြို့နယ်နှင့်  ပုလောမြို့နယ်တို့၌ ဒေသခံပြည်သူ ၆၃၂၀၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ  မြို့နယ်သုံးမြို့နယ်၌  ဒေသခံပြည်သူ ၄၂၇၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆မြို့နယ် တို့၌ ဒေသခံပြည်သူ ၂၆၅၀၀၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တို့၌ ဒေသခံပြည်သူ၁၅၉၉၅ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ   ခရိုင်ခုနစ်ခုမှ ဒေသခံပြည်သူ  ၈၇၄၀  နှင့်    ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် ထန်းတပင်မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၁၅၄၄ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များ က ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံပေးသည်။ 
ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့နယ်၌    ကျောင်းသား  ကျောင်းသူ   ၁၁၆၄ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)      မိုင်းပျဉ်းမြို့နယ်၌ ကျောင်းသား  ကျောင်းသူ  ၂၈ ဦး၊   ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ    မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၉၈၀၊ ပဲခူးတိုင်းဒေသကြီး  တောင်ငူမြို့နယ်၌  ကျောင်းသား  ကျောင်းသူ ၃၅၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ   ဆရာဝန်များ၊  သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို    သက်ဆိုင် ရာ   တိုင်းစစ်ဌာနချုပ်များမှ   တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။                                           
သတင်းစဉ်