
နေပြည်တော် နိုဝင်ဘာ ၈
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန် စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်း များ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူ များ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ် တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ် သုံး မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၅၁၀၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၇၆၄ ဦး၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်တို့၌ သံဃာတော်များနှင့် ဒေသခံပြည်သူ ၁၇၆၀၄ ဦး၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံး မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၆၆၉ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်မှ ဒေသခံ ပြည်သူ ၄၃၈၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၇၄၁၅ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၃၆၉၈ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၁၉၀၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုမှ ဒေသခံပြည်သူ ၈၆၄၀နှင့် ပဲခူးတိုင်းဒေသ ကြီး၊ ထန်းတပင်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့၌ ဒေသခံပြည်သူ ၂၁၁၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင် ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့ နှင့် ကွန်ဟိန်းမြို့တို့၌ ကျောင်းသား ကျောင်းသူ ၃၅၆ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ မြို့နယ် သုံး မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၂၅၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၃၉၀၊ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၂၅၄၃ ဦး၊ ရခိုင်ပြည်နယ် မောင်တော မြို့နယ်နှင့် မင်းပြားမြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၅၅၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၆၀နှင့် ပဲခူး တိုင်းဒေသကြီး တောင်ငူမြို့နှင့် အုတ်တွင်းမြို့နယ် တို့၌ ကျောင်းသား ကျောင်းသူ ၃၇၅၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ သတင်းစဉ်