တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  နိုဝင်ဘာ  ၃    


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး    ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် (၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊   နာတာရှည်ရောဂါအခံရှိသူ များ၊   ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်   စခန်းများ အတွင်းရှိ ပြည်သူများ၊   အသက် (၁၂)နှစ်အထက်   အခြေခံပညာ အလယ်တန်းနှင့်   အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များ   စသည့်ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေး အဖွဲ့များ၊   ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊     သူနာပြုများ၊ ကျန်းမာရေး      ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း       လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့    ဆောင်ရွက်လျက် ရှိရာ ယနေ့တွင်   ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နှင့် သီပေါမြို့တို့၌   ဒေသခံပြည်သူ ၃၀၅ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ     မြို့နယ်လေးမြို့နယ် တို့၌ ဒေသခံပြည်သူ ၅၃၁၅ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၄    မြို့နယ် တို့၌ ဒေသခံပြည်သူ ၁၃၆၁၆ ဦး၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်သုံးမြို့နယ်၌   ဒေသခံ ပြည်သူ ၂၃၅၂ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ      မြို့နယ် လေးမြို့နယ်တို့၌ ဒေသခံပြည်သူ ၇၈၅၀၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၀၇၈၂ ဦး၊ ရခိုင် ပြည်နယ်အတွင်းရှိ       မြို့နယ်  ခြောက်မြို့နယ်တို့၌        ဒေသခံ ပြည်သူ ၈၃၁၁ ဦး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ     ခရိုင်ခုနစ် ခရိုင်မှ   ဒေသခံပြည်သူ   ၇၈၄၀ကို တပ်မတော်မှ   ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ   ဆရာဝန် များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့်ပူးပေါင်း၍    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 


ထို့အတူ       ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြောက် ဥက္ကလာပမြို့နယ်နှင့်   သန်လျင်  မြို့နယ်တို့၌      ကျောင်းသား ကျောင်းသူ ၁၁၃၈ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌  ကျောင်းသား ကျောင်းသူ ၃၀၃၂ ဦးနှင့်   ချင်း ပြည်နယ်          ပလက်ဝမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၅၀၉ဦး တို့ကို တပ်မတော်မှ   ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာ ဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးသည်။

 


ထိုသို့  ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တာဝန်ရှိသူ များက       သွားရောက်ကြည့်ရှု အားပေးပြီး     လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်