တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော် အောက်တိုဘာ  ၃၀


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး   ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး၊ ဘာသာ မရွေး အသက်(၅၅)နှစ်နှင့်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊  မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊  နာတာရှည်ရောဂါအခံရှိသူ များ၊   ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်   စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် (၁၂)နှစ်နှင့်အထက်   အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား  ကျောင်းသူ များစသည့်       ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေး အဖွဲ့များ၊   ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊    သူနာပြုများ၊ ကျန်းမာရေး   ဝန်ထမ်းများနှင့် စေတနာ့                ဝန်ထမ်းများက  ကာကွယ် ဆေးထိုးခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  ရှမ်းပြည်နယ်(မြောက် ပိုင်း)အတွင်းရှိ မြို့နယ် သုံးမြို့နယ် ၌   ဒေသခံပြည်သူ  ၃၉၉၁ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်း တုံမြို့နယ်နှင့်  မိုင်းပျဉ်းမြို့နယ် တို့၌ ဒေသခံပြည်သူ ၂၈၀၊ မွန် ပြည်နယ်နှင့်     ကရင်ပြည်နယ် အတွင်းရှိ     မြို့နယ် ၁၂ မြို့နယ် ၌   ဒေသခံပြည်သူ ၉၂၂၅ ဦး၊ တနင်္သာရီတိုင်း           ဒေသကြီး ခမောက်ကြီး           မြို့နယ်နှင့် ပလောက်မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၁၀၆၀၊   ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ်နှင့် မြောက် ဥက္ကလာပမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၂၁၉၀၊   ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံ ပြည်သူ ၁၇၆၆၈ ဦး၊   ရခိုင်ပြည်နယ်နှင့်     ချင်း ပြည်နယ်အတွင်းရှိ မြို့နယ် သုံး မြို့နယ်တို့၌  ဒေသခံပြည်သူ ၃၅၉၅ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၌ ဒေသခံပြည်သူ ၁၄၆ ဦး၊     မန္တလေးတိုင်းဒေသကြီး အတွင်းရှိ    ခရိုင်ခုနစ်ခရိုင်တို့၌ ဒေသခံပြည်သူ ၁၁၆၂၀နှင့်  ပဲခူး တိုင်းဒေသကြီး တောင်ငူမြို့နယ်၌ ဒေသခံပြည်သူ    ၂၅၀  တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ     ကျန်းမာရေး ဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်း များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 


ထို့အတူ    အခြေခံပညာ ကျောင်းများကို ပြန်လည်ဖွင့်လှစ် နိုင်ရေး၊  ကျောင်းများ  ဖွင့်လှစ်စဉ်  ကျောင်းသား   ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု    မရှိစေရေးနှင့်   ကာကွယ်ဆေး လွှမ်းခြုံမှု   အလျင်အမြန်ရရှိစေ ရေးတို့အတွက်    ကျောင်းသား ကျောင်းသူများကို   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိရာ      ယနေ့တွင်     ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်  ၂၆        မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၂၅၄၂ ဦးနှင့်     မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်  ခုနစ်ခရိုင်တို့၌ ကျောင်းသား ကျောင်းသူ ၈၄၃၅ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက    ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊    သက်ဆိုင်ရာ ကျန်းမာရေး         ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ  ဆောင် ရွက်ပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ   တာဝန်ရှိသူ များက      သွားရောက်ကြည့်ရှု အားပေးပြီး     လိုအပ်သည်များ ညှိနှိုင်း     ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်