တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ


 

နေပြည်တော် အောက်တိုဘာ ၂၅


တိုင်းဒေသကြီးနှင့်  ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်   သီလရှင်များ၊ ဘာသာရေး  ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက်၅၅နှစ်နှင့်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်   စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်၁၂ နှစ်နှင့်အထက်  အခြေခံပညာ အလယ်တန်းနှင့်   အထက်တန်း အဆင့် ကျောင်းသား  ကျောင်းသူ များစသည့်   ဦးတည်အုပ်စုများ သတ်မှတ်၍  တပ်မတော်မှ ဆေး အဖွဲ့များ၊    ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊    သူနာပြုများ၊ ကျန်းမာရေး        ဝန်ထမ်းများ နှင့်     စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး    ထိုးခြင်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်       ရှမ်းပြည်နယ် (တောင်ပိုင်း)     ကွန်ဟိန်းမြို့၌ ဒေသခံပြည်သူ ၅၀ ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ    မြို့နယ် ခုနစ်မြို့နယ်၌   ဒေသခံပြည်သူ ၂၀၆၂ ဦး၊ မွန်ပြည်နယ်(ယာပုံ)နှင့် ကရင်ပြည်နယ်အတွင်းရှိ  မြို့နယ် ၁၆ မြို့နယ်၌   ဒေသခံပြည်သူ ၃၅၇၄၉ဦး၊  တနင်္သာရီတိုင်းဒေသ ကြီး    မြိတ်မြို့နယ်နှင့်   ကော့ သောင်းမြို့နယ်တို့၌      ဒေသခံ ပြည်သူ ၃၈၀၆ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ  ငါးမြို့နယ်တို့ ၌  ဒေသခံပြည်သူ   ၄၃၂၉ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်  ၂၆မြို့နယ်၌    ဒေသခံ ပြည်သူ ၂၉၀၃၄ ဦး၊ ရခိုင်ပြည်နယ် နှင့်   ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်၌ ဒေသခံ ပြည်သူ ၂၉၇၈၄ ဦး၊  စစ်ကိုင်းတိုင်း ဒေသကြီး   တန့်ဆည်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၁၀၃၀၊   မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ  ခရိုင် ခုနစ် ခရိုင်တို့၌ ဒေသခံပြည်သူ ၁၂၂၂၀၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ   မြို့ နယ်သုံး မြို့နယ်၌     ဒေသခံပြည်သူ ၃၆၃၈ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက  ပြည်သူ့ဆေးရုံ များမှ  ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး       ဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး             ထိုးနှံပေးခြင်းများ  ဆောင်ရွက်နိုင်ခဲ့သည်။
ထို့အတူ       ကျောင်းသား ကျောင်းသူများ   စာသင်နှစ်တစ် နှစ်     နစ်နာမှုမရှိစေရေးအတွက် အခြေခံပညာ   ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျောင်း များ   ဖွင့်လှစ်စဉ်   ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု               မရှိစေရေးနှင့်  ကာကွယ်ဆေး လွှမ်းခြုံမှုအလျင် အမြန်     ရရှိစေရေးတို့အတွက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များ  ထိုးနှံပေးလျက်ရှိရာ  ယနေ့ တွင်  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် မိုင်းဆတ်မြို့တို့၌ ကျောင်းသား ကျောင်းသူ ၃၃၈ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ   မြို့နယ် ၁၆ မြို့နယ်၌ ကျောင်းသား  ကျောင်းသူ ၆၄၀၀၊ တနင်္သာရီတိုင်းဒေသကြီး   ကော့ သောင်းမြို့နယ်နှင့် ကျွန်းစုမြို့နယ် တို့၌ ကျောင်းသား   ကျောင်းသူ ၄၀၂ ဦး၊  ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၄၅၁၇ ဦး၊    ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် လေးမြို့နယ်၌  ကျောင်း သား    ကျောင်းသူ   ၄၄၀၅ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး    တန့် ဆည်မြို့နယ်၌    ကျောင်းသား ကျောင်းသူ  ၄၆ ဦးနှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ    ခရိုင် ခုနစ်ခရိုင်တို့၌     ကျောင်းသား ကျောင်းသူ  ၈၅၇၀ တို့ကို တပ်မ တော်မှ ဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ          ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊   စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယင်းသို့   ဆောင်ရွက်ပေးနေ မှုများကို သက်ဆိုင်ရာမှ တာဝန်ရှိ သူများက     သွားရောက်ကြည့်ရှု အားပေးပြီး     လိုအပ်သည်များ ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။       သတင်းစဉ်