တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော် အောက်တိုဘာ ၄


တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီး၌   ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ဆေး    ထိုးနှံခြင်းများဆောင်ရွက်လျက်ရှိ ရာ  ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး     ရန်ကင်း မြို့နယ်နှင့် တာမွေမြို့နယ် (ယာပုံ) ၌ ဒေသခံပြည်သူ ၃၀၇ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ  မြို့နယ် ၂၆   မြို့နယ်၌   ဒေသခံပြည်သူ ၅၃၆၀၊    ရခိုင်ပြည်နယ်နှင့်   ချင်း ပြည်နယ်အတွင်းရှိ  မြို့နယ်  လေး မြို့နယ်၌  ဒေသခံပြည်သူ  ၁၈၂၆ ဦး၊      မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ခုနစ်ခုတို့မှ ဒေသခံ ပြည်သူ ၃၆၈၉ ဦး၊  ပဲခူးတိုင်းဒေသ ကြီး  တောင်ငူမြို့နှင့် ထန်းတပင် မြို့၌ ဒေသခံပြည်သူ ၂၆၈ ဦးတို့ကို  တပ်မတော်မှ    ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊   စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။

 


ထို့အတူ       ကျောင်းသား ကျောင်းသူများကိုလည်း  ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ  ယနေ့တွင် ရခိုင်ပြည်နယ်၊       ချင်းပြည်နယ် အတွင်းရှိ    မြို့နယ်   ငါးမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၇၆၂ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်   ခုနစ်ခရိုင်၌   ကျောင်းသား ကျောင်းသူ   ၁၈၈၄  ဦး   တို့ကို တပ်မတော်မှ  ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊   စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍    ကိုဗစ်- ၁၉   ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။

 


ထို့ပြင်    ကိုဗစ်-၁၉   ရောဂါ ထိန်းချုပ်      ကာကွယ်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် နှာခေါင်းစည်းများကို  ပြည်သူများ လက်ဝယ်အရောက်    တိုင်းစစ် ဌာနချုပ်အသီးသီးမှ  တာဝန်ရှိသူ များက  အခမဲ့ပေးဝေလှူဒါန်းလျက် ရှိရာ   ယနေ့တွင်    ရှမ်းပြည်နယ် (မြောက်ပိုင်း)  လားရှိုးမြို့  တနင်္သာ ရီတိုင်းဒေသကြီး     မြိတ်မြို့နှင့် ဘုတ်ပြင်းမြို့၊   ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး တံတားဦး မြို့တို့ရှိ        စာသင်ကျောင်းများ၊ ဈေးများ၊ လမ်းများ၊ မြို့အဝင်ဂိတ် များနှင့်  လူစည်ကားရာနေရာများ တွင်    နယ်မြေခံတပ်မတော်သား များက  ခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့မှ  တာဝန်ရှိသူများ၊  ဌာန ဆိုင်ရာဝန်ထမ်းများ၊  တာဝန်ရှိသူ များ၊       ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍   ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေးအတွက် အသိပညာ ပေးဆောင်ရွက်ခြင်း၊    နှာခေါင်း စည်းများတပ်ဆင်ပြီး  သွားလာ ကြရန်        လှုံ့ဆော်ခြင်းနှင့် နှာခေါင်းစည်းများကို     ဒေသခံ ပြည်သူများ  လက်ဝယ်အရောက် အခမဲ့  ပေးဝေလှူဒါန်းကြကြောင်း သတင်းရရှိသည်။          

သတင်းစဉ်