
နေပြည်တော် စက်တင်ဘာ ၂၉
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိ ရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသ ကြီး တာမွေမြို့နယ်၌ ဒေသခံ ပြည်သူ ၁၃၁ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၁၆၄၇၃ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်၌ ဒေသခံ ပြည်သူ ၂၆၁၇ ဦး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင် ခုနစ် ခရိုင်၌ ဒေသခံပြည်သူ ၅၁၇၅ ဦး တို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။
ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၃၇၂ ဦး၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် သံတွဲမြို့၌ ကျောင်းသား ကျောင်းသူ ၆၈၂ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ခုနစ်ခရိုင်၌ ကျောင်းသား ကျောင်းသူ ၇၆၈ ဦး တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် နှာခေါင်းစည်းများကို ပြည်သူများ လက်ဝယ်အရောက် တိုင်းစစ် ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူ များက အခမဲ့ပေးဝေလှူဒါန်းလျက် ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၊ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့၊ ရန်ကုန် တိုင်းဒေသကြီး ခရိုင်များအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့နှင့် ပန်းတနော်မြို့၊ မန္တလေးတိုင်း ဒေသကြီး တောင်သာမြို့၊ မကွေး တိုင်းဒေသကြီး၊ မြို့သစ်မြို့တို့ရှိ စာသင်ကျောင်းများ၊ ဈေးများ၊ လမ်းများ၊ မြို့အဝင်ဂိတ်များနှင့် လူစည်ကားရာ နေရာများတွင် နယ်မြေခံ တပ်မတော်သားများက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ တာဝန်ရှိသူ များ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် အသိပညာပေး ဆောင်ရွက် ခြင်း၊ နှာခေါင်းစည်းများ တပ်ဆင် ပြီး သွားလာကြရန် လှုံ့ဆော်ခြင်း နှင့် နှာခေါင်းစည်းများကို ဒေသခံပြည်သူများ လက်ဝယ် အရောက် အခမဲ့ပေးဝေ လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်