တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  ဇူလိုင်   ၂၇


တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီးတို့၌   သံဃာတော်များ၊ သာသနာ့နွယ်ဝင်   သီလရှင်များ၊ ဘာသာရေး    ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး   အသက်   ၄၀  အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသား   လက်နက်ကိုင် အဖွဲ့များ၊   နာတာရှည်ရောဂါအခံ ရှိသူများ၊   ကယ်ဆယ်ရေးစခန်း များ၊   ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ     ပြည်သူများ၊ အသက် ငါးနှစ်မှ  ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊  အလယ် တန်းနှင့်    အထက်တန်းအဆင့် ကျောင်းသား    ကျောင်းသူများ စသည့်       ဦးတည်အုပ်စုများ သတ်မှတ်၍        တပ်မတော်မှ ဆေးအဖွဲ့များ၊    ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး            ဝန်ထမ်းများ နှင့်    စေတနာ့ဝန်ထမ်းများက  ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို    ဆောင်ရွက်ပေးလျက် ရှိသည်။

 


ထိုသို့  ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၃၉၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ  ၆၆၁၈  ဦး၊ ရခိုင် ပြည်နယ်အတွင်းရှိ   မြို့နယ်  ၁၃ မြို့နယ်တို့၌    ဒေသခံပြည်သူ ၉၈၄၈ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ခုနစ်ခုတို့မှ ဒေသခံ ပြည်သူ   ၁၈၄၂၉  ဦး၊  ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နှင့် ပဲခူးမြို့ နယ်တို့၌ ဒေသခံပြည်သူ ၄၃၉ ဦး တို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက     ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊      သက်ဆိုင်ရာ ကျန်းမာရေး       ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသည်။

 


ထို့အတူ       ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉   ရောဂါ   ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ   ယနေ့တွင်  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၅၁၁၀ ၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် သုံးမြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၁၁၆၀၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတို့၌   ကျောင်းသား ကျောင်းသူ ၂၃၀ တို့ကို တပ်မတော် မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး     ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉  ရောဂါ  ကာကွယ် ဆေးထိုးနှံပေးသည်။

 


ယင်းသို့   ဆောင်ရွက်ပေးနေ မှုများကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တာဝန် ရှိသူများက    သွားရောက်ကြည့်ရှု အားပေးပြီး     လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း  သတင်းရရှိသည်။    

သတင်းစဉ်