တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်    ဇူလိုင်   ၈


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင် များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀  အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်း သူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊   နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲ ရှောင်စခန်းများအတွင်းရှိ  ပြည်သူများ၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထက် အခြေခံ ပညာ    မူလတန်း၊   အလယ်တန်းနှင့် အထက်တန်းအဆင့်    ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ       ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို    ဆောင်ရွက်ပေး လျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ တွင်    ရန်ကုန်တိုင်းဒေသကြီး   တာမွေ မြို့နယ်၌ ဒေသခံပြည်သူ ၄၀၀၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ   မြို့နယ်   ၂၆ မြို့နယ်၌   ဒေသခံပြည်သူ   ၁၁၂၅၁ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်   ရှစ်မြို့နယ်၌   ဒေသခံပြည်သူ ၃၈၁၂ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခု၌ ဒေသခံပြည်သူ ၃၄၉၉၃ ဦး၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် ပဲခူးမြို့နယ်တို့၌ ဒေသခံပြည်သူ ၁၂၉ ဦး ကို    တပ်မတော်မှ   ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ   ဆရာဝန်များ၊ သက်ဆိုင်ရာ  ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်     ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံ ပေးသည်။

 


ထို့အတူ ကျောင်းသား ကျောင်းသူ များကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်  ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်  ၂၆ မြို့နယ်၌  ကျောင်းသား  ကျောင်းသူ ၆၆၃၂၁ ဦး၊    ရခိုင်ပြည်နယ်နှင့်   ချင်း ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်၌ ကျောင်းသား  ကျောင်းသူ  ၈၃၉၂ ဦးကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊    စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်      တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ   ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။

သတင်းစဉ်