တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   ဇွန်  ၁၅


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့ နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုး မရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်း သား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၅ နှစ်မှ  ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက် တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၂၅၀၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆  မြို့နယ်၌   ဒေသခံပြည်သူ  ၁၁၃၂၉ ဦး၊   ရခိုင်ပြည်နယ် (အပေါ်ယာပုံ) နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်၌ ဒေသခံ ပြည်သူ ၁၄၂၁ ဦး၊  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ   ခရိုင် ခုနစ်ခုမှ ဒေသခံပြည်သူ ၁၂၈၅၄ ဦးနှင့်   ပဲခူးတိုင်းဒေသကြီး   တောင်ငူမြို့နှင့် ထန်းတပင်မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၆၄ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ  ဆရာဝန်များ၊  သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

 


ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ    ယနေ့တွင်    ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၁၀၆၈၃   ဦး၊   ရခိုင်ပြည်နယ်နှင့်    ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၁၉၇၄၀  နှင့် ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်၌   ကျောင်းသား    ကျောင်းသူ   ၈၉၅   ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ   ကျန်းမာရေးဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍   ကိုဗစ်- ၁၉   ရောဂါ     ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ   တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။


သတင်းစဉ်