
နေပြည်တော် ဇူလိုင် ၁၇
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ များနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသ ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များ က အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း) တောင်ရှည် တိုက်နယ်ဆေးရုံ၊ နမ့်ဆန်ပြည်သူ့ဆေးရုံနှင့် သီပေါမြို့နယ်ဆေးရုံများ သို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက အောက်ဆီဂျင်အိုး အလုံး ၃၀ နှင့် ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများက အောက်ဆီဂျင်အိုး အလုံး ၃၀ ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင် ကျွန်းမြို့နယ်နှင့် ပန်းတနော်မြို့များရှိ ပြည်သူ့ ဆေးရုံများသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အောက်ဆီဂျင်အိုး အလုံး ၂၀ ကိုလည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေ မြို့ရှိ ပြည်သူ့ဆေးရုံသို့ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်မှ နယ်မြေခံတပ်မတော်သားများက အောက် ဆီဂျင်အိုး အလုံး ၄၀ ကို လည်းကောင်း (ယာပုံ)၊ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံ သို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက အောက်ဆီဂျင်အိုးအလုံး ၅၀ ကို လည်းကောင်း သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက် ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်သားဖွား မီးယပ်နှင့် ကလေးဆေးရုံ၌ လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အလုံး ၈၀ ထုတ်လုပ်နိုင် သည့် Oxygen Plant တစ်လုံး တပ်ဆင်စမ်းသပ်နေမှု ကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်နှင့် အဖွဲ့ဝင်များက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် မြန်မာ့ သင်္ဘောကျင်းလုပ်ငန်းရှိ အောက်ဆီဂျင်စက်ရုံ၊ မှော်ဘီမြို့နယ် မြောင်းတကာကျေးရွာ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း၊ အမှတ်(၄) ဓာတ်မြေဩဇာစက်ရုံ နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အမှတ်(၂)သံမဏိစက်ရုံတို့၌ အောက်ဆီဂျင် ထုတ်လုပ်နေမှုများ ကို ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက လည်ကောင်း သွားရောက်ကြည့်ရှုကြပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်