တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေလှူဒါန်း

နေပြည်တော်     ဩဂုတ်     ၁၇


တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုး များ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များနှင့်  အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးရှိ  ပြည်သူ့ ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေး ဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေးအသင်း အဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။


သွားရောက်လှူဒါန်း


ထိုသို့    လှူဒါန်းလျက်ရှိရာ    ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀) သို့ အောက်ဆီဂျင်အိုး ၂၀ ကိုလည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် ၁၉ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဆေးဝါး များ၊ အောက်ဆီဂျင်အိုးများ၊ Oxygen Regulator များ၊ လက်အိတ်များ၊ အရက်ပြန်ပုံးများ၊ Mask များ၊ PPE ဝတ်စုံများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကိုလည်းကောင်း၊   တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီမြို့ရှိ ကိုဗစ်စင်တာများ အတွက်    ကတ်ထူချပ်ဖာ  ခုတင်  ၃၀၊  Oxygen Concentrator သုံးလုံး၊ N-95 Mask ၂၅၀၊ Surgical Mask ၂၅၀၊   Face Shield  ၂၀၊  လက်အိတ်အစုံ ၅၀၊ အပူချိန်တိုင်းစက် တစ်ခု၊ ကျန်းမာရေးအထောက် အကူပြုဆက်စပ်ပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာများအတွက် အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့် အောက်ဆီဂျင်အိုးများ ဝယ်ယူရန် အတွက် အလှူငွေကျပ် ၁၄ သိန်းတို့ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် ကန်ကြီးထောင့် မြို့များရှိ ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး ၄၈ လုံးနှင့် ငပုတောမြို့ ပြည်သူ့ဆေးရုံ(ခုတင်-၅၀)သို့ Oxygen Concentrator လေးလုံး၊ အောက်ဆီဂျင် အိုး ၂၀၊   PPE   ဝတ်စုံ   ၁၀၀  နှင့်   အလှူငွေကျပ် ငါးသိန်းတို့ကို လည်းကောင်း၊  စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ်အောက်ဆီဂျင်စက်ရုံမှ   ထုတ်လုပ်သည့်   အောက်ဆီဂျင်အိုး ၁၀၅ လုံးကို  လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး      မိတ္ထီလာမြို့တွင် အောက်ဆီဂျင်စက်ရုံ  တည်ဆောက်နိုင်ရေးအတွက် အလှူငွေကျပ်သိန်း ၁၀၀ နှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်    အောက်ဆီဂျင်အိုး   ၁၀၀  တို့ကိုလည်းကောင်း၊        ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၄၀ ကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  ဝန်ကြီးချုပ်များ၊  တိုင်းမှူးများ၊ ဌာနဆိုင်ရာ   ဝန်ထမ်းများနှင့်   လူမှုကူညီရေးအဖွဲ့ အစည်းများက အသီးသီးသွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
အလားတူ   ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက်   စေတနာရှင် အလှူရှင်များက    အထောက်အကူပစ္စည်းများ၊ အလှူငွေများကို     ပေးအပ်လှူဒါန်းလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ဒေသခံပြည်သူ များ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက်   တာမိုးညဲပြည်သူ့စစ်(ဌာနေ)အဖွဲ့က    ငွေကျပ်  ၃၄၃  သိန်းကျော်   တန်ဖိုးရှိ အောက်ဆီဂျင်အိုးများ၊    ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊     ဆေးဝါးများနှင့် အလှူငွေများ၊ နမ့်ဖက်ကာပြည်သူ့စစ်(ဌာနေ)အဖွဲ့က ငွေကျပ်သိန်း ၂၅၀ ကျော်တန်ဖိုးရှိ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့်    ဆေးဝါးများ၊ မန်ပန်ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များက  ငွေကျပ် ၂၈၇ သိန်းတန်ဖိုးရှိ အောက်ဆီဂျင်အိုးများနှင့် ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ Wang  Ding  Economic Development Company က ကိုဗစ်-၁၉  ရောဂါစစ်ဆေးသည့် PCR စက်တွင် အသုံးပြုသော ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ Reagent များ၊ VTM Tube များ၊ Nasal Strip များနှင့် ဆေးဝါး များ၊ Shwe Li River Trading Company Limited က ငွေကျပ်သိန်း ၅၀၀ တန်ဖိုးရှိ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့်   ဆေးဝါးများ၊ Myanmar Sunshine Industrial  Company  Limited က PCR စက်တွင် အသုံးပြုသော ငွေကျပ် သိန်း ၇၀၀ တန်ဖိုးရှိ Reagent များ၊ VTM Tube များ၊ Nasal Strip များနှင့် ဆေးဝါးများ၊ Hein Lin  Company Limited က ငွေကျပ်သိန်း ၂၅၀ တန်ဖိုးရှိ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ကို အလှူရှင်များက ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်ရှိ တိုင်းစစ်ဌာနချုပ်ခန်းမ၌ ပေးအပ်လှူဒါန်းကြရာ  တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး က   လက်ခံရယူပြီး   ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။


တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိ


ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေး လျက်ရှိရာ  ယနေ့တွင်  ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့  ပြည်သူ့ဆေးရုံအတွင်း ခွဲစိတ်ခန်းသုံး အဆောင်သစ် ဆောက်လုပ်ပြီးစီးမှုကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့၌ အောက်ဆီဂျင် စက်ရုံရောက်ရှိ    တပ်ဆင်နေမှုကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အောင်ဇေယျာ ရပ်ကွက်ရှိ  အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီး မှုကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ဝန်ကြီးချုပ်များ၊ တာဝန်ရှိ သူများက  သွားရောက်ကြည့်ရှု၍  လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း   သတင်းရရှိ သည်။                                                

 

သတင်းစဉ်