တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲများ ပြုလုပ်

 

နေပြည်တော်   နိုဝင်ဘာ    ၁


၂၀၀၈    ခုနှစ်   ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ   ဆောင်ရွက်လျက်ရှိသည့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲကို  ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး ရေကြည်မြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ မန္တလေးတိုင်းဒေသကြီး      သပိတ်ကျင်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်တို့၌ ပြုလုပ်ကြ ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။    
ထိုသို့  ဆန္ဒဖော်ထုတ်ရာတွင်  “နိုင်ငံတော်  စီမံ အုပ်ချုပ်ရေးကောင်စီအား           ထောက်ခံပါသည်၊             
အမျိုးဘာသာ သာသနာကို စောင့်ရှောက်သော မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊  NUG ၊  CRPH ၊  PDF  အကြမ်းဖက်သမားအလိုမရှိ၊ NUG ၊   CRPH ၊   PDF  အကြမ်းဖက်လုပ်ရပ်များအား   ဆန့်ကျင်ကြ၊    ပြည်ထောင်စုမပြိုကွဲရေး  ဒို့အရေး၊   တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒို့အရေး၊  အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပအားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ မြန်မာ့ပြည်တွင်းရေး      ပြည်ပစွက်ဖက်မှုအလိုမရှိ၊        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  လုပ်ငန်းစဉ်  (၅) ရပ်အား  ထောက်ခံပါသည်၊ ဒီမိုကရေစီ အရေခြုံ ကွန်မြူနစ်လုပ်ရပ် ကျဆုံးပါစေ၊ NUG ၊ PDF  အကြမ်းဖက်မှု အမြစ်ဖြတ်၊ NUG ၊ PDF  အကြမ်းဖက်မှုတွေ   မြင်အောင်ကြည့်၊  NUG ၊ PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှုချက်ချင်းရပ် ’’  စသည့် စာသားပါဆိုင်းဘုတ် များ  ကိုင်ဆောင်ကြွေးကြော်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်