တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲများ ပြုလုပ်

 

နေပြည်တော် အောက်တိုဘာ  ၂၉


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား   ထောက်ခံပွဲကို  ယနေ့တွင်  ရှမ်းပြည်နယ် (တောင် ပိုင်း) တောင်ကြီးမြို့နှင့် ကွန်ဟိန်း မြို့၊        တနင်္သာရီတိုင်းဒေသ ကြီး    ပုလောမြို့နယ်၊           ရန်ကုန် တိုင်းဒေသကြီး         မရမ်းကုန်း မြို့နယ်၊                  ဧရာဝတီတိုင်း  ဒေသကြီး မော်လမြိုင်ကျွန်းမြို့၊ ဖျာပုံမြို့နှင့် ဘိုကလေးမြို့၊ ရခိုင်ပြည် နယ် ရသေ့တောင်မြို့၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့၊ ဘုရား ကြီးမြို့နှင့် ကရင်ပြည်နယ် သံတောင်ကြီး မြို့တို့၌ အသီးသီးပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 


ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အား ထောက်ခံပါသည်၊ အမျိုးဘာသာ သာသနာကိုစောင့်ရှောက်သော မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ NUG၊ CRPH၊ PDF အကြမ်း ဖက်သမားအလိုမရှိ၊ NUG၊ CRPH၊  PDF အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကြ၊   ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊  တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပအားကိုး  ပုဆိန်ရိုးများအား   ဆန့်ကျင်ကြ၊ မြန်မာ့ပြည်တွင်းရေး    ပြည်ပစွက်ဖက်မှုအလိုမရှိ၊   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီလုပ်ငန်းစဉ်(၅) ရပ်အား ထောက်ခံပါသည်၊  ဒီမိုကရေစီ အရေခြုံကွန်မြူနစ်လုပ်ရပ်ကျဆုံးပါစေ၊ NUG ၊  PDF  အကြမ်းဖက်မှု  အမြစ်ဖြတ်၊ NUG ၊ PDF အကြမ်းဖက်မှုတွေ မြင်အောင်ကြည့်၊ NUG၊ PDF  ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှု  ချက်ချင်းရပ်’’ စသည့် စာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်  ကြွေးကြော်ခဲ့ကြကြောင်း   သတင်းရရှိသည်။                                                                      

သတင်းစဉ်