တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲများ ပြုလုပ်

နေပြည်တော်   အောက်တိုဘာ   ၂၈


၂၀၀၈ ခုနှစ်     ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား  ထောက်ခံပွဲကို  ယနေ့တွင်  ရှမ်း ပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်နှင့် မိုင်းရှူး မြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် သန်လျင် မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နှင့် အိမ်မဲမြို့၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၊ မကွေး တိုင်းဒေသကြီး   ပခုက္ကူမြို့၊   ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နှင့်  ကျောက်ကြီးမြို့တို့၌  ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။


ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊ အမျိုး ဘာသာသာသနာကို စောင့်ရှောက်သော   မြန်မာ့ တပ်မတော်အား ထောက်ခံပါသည်၊ NUG ၊ CRPH ၊ PDF အကြမ်းဖက်သမားအလိုမရှိ၊ NUG ၊ CRPH ၊ PDF  အကြမ်းဖက်လုပ်ရပ်များအား    ဆန့်ကျင်ကြ၊ ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပအားကိုး  ပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ မြန်မာ့ပြည်တွင်းရေး ပြည်ပဖြည့်စွက်မှုအလိုမရှိ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီလုပ်ငန်းစဉ်(၅) ရပ်အား ထောက်ခံပါ သည်၊ ဒီမိုကရေစီအရေခြုံ ကွန်မြူနစ်လုပ်ရပ် ကျဆုံး ပါစေ၊ NUG ၊ PDF အကြမ်းဖက်မှုအမြစ်ဖြတ်၊ NUG ၊ PDF အကြမ်းဖက်မှုတွေ မြင်အောင်ကြည့်၊ NUG ၊ PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှုချက်ချင်းရပ်’’ စသည့် စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကြွေးကြော် ခဲ့ကြကြောင်း သိရသည်။          

 

သတင်းစဉ်