
နေပြည်တော် အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းခတ် မြို့၊ မိုင်းယန်းမြို့နှင့် မိုင်းပျဉ်းမြို့၊ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်၊ ပုလောမြို့နယ်၊ မြိတ် မြို့နယ်နှင့် ကျွန်းစုမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ရခိုင်ပြည်နယ် အမ်းမြို့၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့များ၊ ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့၊ အုတ်တွင်းမြို့၊ ကျောက်ကြီး မြို့၊ နတ်သံကွင်းမြို့၊ ဝေါမြို့၊ အုတ်ဖိုမြို့နှင့် ပေါင်းတည်မြို့တို့ရှိ အခြေခံပညာကျောင်းများနှင့် ပြည်သူ့ဆေးရုံများ၏ သန့်ရှင်းသာယာလှပရေး အတွက် ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဆရာ ဆရာမများက ကျောင်းများနှင့် ဆေးရုံများရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီး ရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းနှင့် ခြင်ခိုအောင်း နိုင်သောနေရာ များ၌ ခြင်ဆေးဖျန်း ခြင်းများကို စုပေါင်းဆောင်ရွက် ပေးကြသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်