တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁


ယနေ့   ကျရောက်သည့်   (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေ့  အခမ်းအနားကို တိုင်းဒေသ ကြီးနှင့်  ပြည်နယ်တို့ရှိ  သက်ဆိုင် ရာ  ခန်းမအသီးသီး၌    ပြုလုပ်ရာ      တိုင်းဒေသကြီးနှင့်      ပြည်နယ် ဝန်ကြီးချုပ်များ၊  တိုင်းမှူးများနှင့်  တာဝန်ရှိသူများ၊ တိုင်းဒေသကြီး နှင့်     ပြည်နယ်    အစိုးရအဖွဲ့ဝင်  ဝန်ကြီးများ၊  ဌာနဆိုင်ရာ  တာဝန် ရှိသူများ၊       ရဲတပ်ဖွဲ့ဝင်များ၊      အငြိမ်းစား    ရဲတပ်ဖွဲ့ဝင်များနှင့်     ဖိတ်ကြားထားသူများ  တက်ရောက် ကြသည်။

 


ဦးစွာ     တိုင်းဒေသကြီးနှင့်     ပြည်နယ်ဝန်ကြီးချုပ်များက ဂုဏ်ပြု အမှာစကား     ပြောကြားသည်။ ထို့နောက်    တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့     ရဲချုပ်မှ ပေးပို့သည့်      သဝဏ်လွှာကို ဖတ်ကြားကြသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး နှင့်      ပြည်နယ်    ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်    တာဝန်ရှိသူ များက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ ဂုဏ်ထူးဆောင် ဆုတံဆိပ်ရရှိသူ များအား     ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြု    မှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ  ပေးအပ်ချီးမြှင့် ကြပြီး ရဲတပ်ဖွဲ့နေ့ အထိမ်း အမှတ် Video Clip  နှင့်   ခင်းကျင်း ပြသထားသော   ပြခန်းများကို လိုက်လံကြည့်ရှုသည်။

သတင်းစဉ်