
ရန်ကုန် အောက်တိုဘာ ၉
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည် ပြု ပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့် သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ ဆေးရုံများ၊ ကျန်းမာရေးဌာန များနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာ၀န်များ၊ ကျန်းမာရေး ၀န်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက် ရှိရာ ယင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm များအား သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်း များအတိုင်း တပ်မတော် လေယာဉ်များ၊ မော်တော်ယာဉ် များဖြင့် ပို့ဆောင်ပေးလျက် ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း မှ ဆေးတစ်လုံးလျှင် လူငါးဦး ထိုးနိုင်သော Sinopharm ဆေး များကို မန္တလေးမြို့သို့ ကာကွယ် ဆေးအလုံးပေါင်း ၁၂၀၀၀၀ ၊ နေပြည်တော်ကောင်စီနယ်မြေ သို့ ကာကွယ်ဆေးအလုံးပေါင်း ၂၈၅၇၂ လုံး၊ မုံရွာမြို့သို့ ကာကွယ် ဆေးအလုံးပေါင်း ၃၀၂၀၀ နှင့် တောင်ကြီးမြို့သို့ ကာကွယ်ဆေး အလုံးပေါင်း ၃၈၀၄၅ လုံးတို့ကို အအေးခန်းစနစ်ပါ သယ်ယူ ပို့ဆောင်ရေး မော်တော်ယာဉ်ကြီး များဖြင့် ဆက်လက်ဖြန့်ဖြူး ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စုလူဦးရေ ဦးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူ များသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ် သည်။ ယင်းအတွက် သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်း များအတိုင်း အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေးခြင်း ဖြစ်သည်။ အလားတူ ဝေးလံခက်ခဲသော ဒေသများသို့ တပ်မတော်(လေ)ရှိ ပို့ဆောင်ရေး လေယာဉ်များဖြင့် မြန်မာ့လေကြောင်းတို့၏ အကူ အညီများရယူကာ လေကြောင်း ခရီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်