တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တောင်ကလေးကျေးရွာကိုယ့်အားကိုယ်ကိုးကွန်ကရစ်လမ်းနှင့်လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

 

ပုသိမ်    ဧပြီ     ၂၇


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ပျဉ်းကတိုး ကုန်း - တောင်ကလေး - ပိန္နဲကုန်းကျေးရွာတို့အား ဆက်သွယ်ထားသည့် အလျား တစ်မိုင်ခွဲ၊ အကျယ် ၁၀ ပေ၊  ထု  ခြောက်လက်မရှိ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်နှင့်    တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တောင်ကလေး၊ ပိန္နဲ ကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ပြုလုပ်ရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်သည်။

 


ဦးစွာ ကွန်ကရစ်လမ်းနှင့် လျှပ်စစ်မီးဖွင့်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သယံဇာတရေးရာဝန်ကြီး နှင့် အလှူရှင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်း ဒေသကြီးဝန်ကြီးချုပ်က ကျေးရွာမီးလင်းရေး လျှပ်စစ် မီးအား  မီးခလုတ်နှိပ် ဖွင့်လှစ်ပေးကာ ကွန်ကရစ်လမ်း အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


ယင်းနောက်  တောင်ကလေးကျေးရွာ ဗြဟ္မာဝိဟာရကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို ၍ သာသနာရေးဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များ  တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍  တိုင်းဒေသ ကြီး ဝန်ကြီးချုပ်သည်  မြောင်းမြမြို့နယ် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက  ၂၀၂၂ - ၂၂၃ ဘဏ္ဍာနှစ် တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင် ရွက်ပြီးစီးသည့် ပေသလပ်ကုန်း  -  ပြင်ရွာလမ်းကို   တာဝန်ရှိသူများနှင့်အတူ     ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းအား    လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့သည်။ အဆိုပါလမ်းသည် ကျေးရွာ ၁၅ ရွာ၊ အိမ်ခြေ ၁၅၆၇ တို့အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရ သည်။             

တိုင်းဒေသကြီး(ပြန်/ဆက်)