တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများမှ ဦးတည်အုပ်စုများတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

 

ရသေ့တောင်   အောက်တိုဘာ   ၁၀


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ နေရပ် စွန့်ခွာနေကြသည့်    တိုက်ပွဲရှောင်ကယ်ဆယ် ရေးစခန်းများရှိ အသက် (၄၅) နှစ်အထက်နှင့် ဦးတည်အုပ်စုများတွင်   ပါဝင်သည့်    ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး    ဒုတိယအကြိမ်ကို      သတ်မှတ်စုရပ် အသီးသီးတွင်       ယနေ့   နံနက်ပိုင်းမှစ၍ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ ရာတွင် သတ်မှတ်စုရပ်များဖြစ်သည့် အရှေ့ မြောက်ရပ်ကွက်စုရပ်၊ စေတီတောင်ဓမ္မာရုံစုရပ်၊ စေတီပြင်စုရပ်၊ လောင်းချောင်းစုရပ်၊ ကူတောင် စုရပ်နှင့် ဘာထလေစုရပ်များတွင် နေရပ်စွန့်ခွာ ခိုလှုံနေကြသည့် တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများမှ အသက် (၄၅) နှစ်အထက်ရှိသူ များနှင့်    ဦးတည်အုပ်စုများတွင်   ပါဝင်သည့် ဒေသခံပြည်သူများအား  ကျန်းမာရေးဝန်ထမ်းများက   ကာကွယ်ဆေး  ထိုးနှံပေးလျက်ရှိရာ ဌာနဆိုင်ရာများ၊      မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ    တပ်ဖွဲ့ဝင်များနှင့်    စေတနာ့ ဝန်ထမ်းများက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်  ငါးခု၊  ဆေးထိုးနေရာ ခြောက်နေရာတို့တွင်    တိုက်ပွဲရှောင်    ကယ်ဆယ်ရေး စခန်းများရှိ  နေရပ်စွန့်ခွာ   ခိုလှုံနေကြသည့် ဒေသခံပြည်သူများအနက်  အသက်  (၄၅) နှစ် နှင့် အထက်ရှိသူများနှင့် ဦးတည်အုပ်စုများတွင် ပါဝင်သည့် ဒေသခံပြည်သူ စုစုပေါင်း  ၆၃၆ ဦး တို့အား  ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။


အောင်စံထွန်း (ပြန်/ဆက်)