တိုက်ကြီးမြို့နယ်၌ မိုးစပါး ရေတော်မိုးတော်ထွန်တုံးပိတ်ပွဲနှင့် ကောက်စိုက်ပြိုင်ပွဲကျင်းပ တိုက်ကြီးခရိုင်၌ မိုးစပါး စုစုပေါင်းဧက ၁၁၀၀၀၀ ကျော် စိုက်ပျိုးထား

 

ရန်ကုန်   ဩဂုတ်   ၅


၂၀၂၃    ခုနှစ်    မိုးစပါး   ရေတော် မိုးတော်            ထွန်တုံးပိတ်ပွဲနှင့် ကောက်စိုက်ပြိုင်ပွဲ အခမ်းအနား ကို ယမန်နေ့က တိုက်ကြီးမြို့နယ်    ကျိုက်စကိုင်း ကျေးရွာ၌ကျင်းပရာ    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်          တိုင်းဒေသကြီး ဝန်ကြီးများ၊       တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ   တာဝန်ရှိသူ များ တက်ရောက်ကြသည်။


ဦးစွာ    တိုက်ကြီးခရိုင်      စီမံ အုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌက ၂၀၂၃ ခုနှစ်အတွင်း     မိုးစပါးစိုက်ပျိုး ပြီးစီးမှုအခြေအနေကို   ရှင်းလင်း တင်ပြသည်။


ကြည့်ရှုအားပေး


ထို့နောက်        တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား  ပြော ကြားပြီး မိုးစပါး၊ ရေတော်မိုးတော် ထွန်တုံးပိတ်ပွဲနှင့်    ကောက်စိုက် ပြိုင်ပွဲတွင်     အဖွဲ့ခြောက်ဖွဲ့၏ ကောက်စိုက်နေမှုကို တာဝန်ရှိသူ များနှင့်အတူ    ကြည့်ရှုအားပေး ကြသည်။  


ဂုဏ်ပြုချီးမြှင့်


ယင်းနောက် ပြိုင်ပွဲတွင် အဖွဲ့ လိုက် ဆုရရှိသူများနှင့် တစ်ဦးချင်း ဆုရရှိသူများကို  တာဝန်ရှိသူများ၊ တိုင်းဒေသကြီး   ဝန်ကြီးများနှင့် တိုင်းဒေသကြီး    ဝန်ကြီးချုပ်တို့က ဂုဏ်ပြုချီးမြှင့်ငွေများ    ပေးအပ် ကြပြီး   ကောက်စိုက်သမများနှင့် တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။


 စုစုပေါင်း ဧကစိုက်ပျိုး


တိုက်ကြီးခရိုင် တိုက်ကြီးမြို့ တွင် ၆၁၆၂၇ ဧက၊   ဥက္ကံမြို့တွင်  ၃၃၄၈၇  ဧကနှင့် အဖျောက်မြို့ တွင်  ၁၆၂၉၂ ဧက စိုက်ပျိုးထား ပြီး    စုစုပေါင်း  ၁၁၁၄၀၆  ဧက စိုက်ပျိုးထားကြောင်း       အထူး အထွက်တိုးမျိုး      ၇၆၉     ဧက၊  အထွက်ကောင်းမျိုး     ၁၀၉၃၈၆  ဧကနှင့် ဒေသစပါးမျိုး ၁၂၅၁  ဧက စိုက်ပျိုးထားကြောင်း သိရသည်။


ဆန်းကျော်ဦး
(ပြန်/ဆက်)