
တိုကျို စက်တင်ဘာ ၂၈
တိုကျိုမြို့ အစိုးရအဖွဲ့သည် မြို့ဧရိယာအတွင်းရှိ စားသောက် ဆိုင်အချို့တွင် အရက်ရောင်းချ ခြင်းကို အောက်တိုဘာလမှ စတင်ကာ ခွင့်ပြုပေးသွားတော့ မည်ဟု ပြောသည်။
ည ၉ နာရီ မတိုင်မီအချိန် အထိ ရောင်းချခွင့် ပေးမည်ဟု သိရသည်။ ဗဟိုအစိုးရမှ ကိုဗစ် - ၁၉ အရေးပေါ်အခြေအနေ ကြေညာထားမှုကို ဖြေလျှော့ရန် အတွက် စီစဉ်ပြီးနောက် ယခုလို လှုပ်ရှားမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
တိုကျိုမြို့မှ အရာရှိများသည် ကိုဗစ် - ၁၉ ကန့်သတ်ချက်များကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေး သွားရန် စီစဉ်ထားသည်။
ကာကွယ်ဆေးအပြည့် ထိုးပြီး သူများကို အရက်ရောင်းချခွင့်ပေး မည်ဖြစ်သည်။ ည ၉ နာရီမတိုင်မီ အချိန်အထိ အရက်ရောင်းချခွင့်ရ မည်ဖြစ်သည်။
စားသောက်ဝိုင်းတွင် လူ လေးဦးသာထိုင်ရန် ခွင့်ပြုပေး ထားသည်။
အရက်မှာယူမှုအတွက် အချိန် ကန့်သတ်ရန်လည်း တိုကျို အရာရှိများက ဆွေးနွေးနေကြဆဲ ဖြစ်သည်။
အင်န်အိတ်ချ်ကေ