
နေပြည်တော် အောက်တိုဘာ ၁၄
NUG နှင့် PDFအမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေသည့် အုပ်ချုပ်ရေး တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့မှုမရှိစေရေးရည်ရွယ်ချက်များဖြင့် အများပြည်သူအသုံးပြုသည့် လမ်းကြောင်း များတွင် မိုင်းထောင်ခြင်း၊ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများအား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ချင်းပြည်နယ် တီးတိန်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ယနေ့ညနေ ၃ နာရီခန့်တွင် တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာ၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာသို့ ရောက်ရှိစဉ် မော်တော်ယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းငါးလုံးဖြင့် အကြောင်းမဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါ လာသည့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး(ဝဲပုံ) အပါအဝင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးလေးဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာ များရရှိကာ မော်တော်ယာဉ်လေကာမှန်များ မိုင်းစထိမှန်ပျက်စီးခဲ့ ကြောင်း သိရသည်။
မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည့် ခရီးသွားပြည်သူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ကလေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိသည်။
ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်းမ ပေါ်၌ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်