ဌာနတွင်းဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကျင်းပ

 

နေပြည်တော်   မတ်   ၁


သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန   သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနအမျိုးသားစာကြည့်တိုက်   (နေပြည်တော်)   တွင် မတ်လဆန်းမှ စတင်၍ ရက်သတ္တပတ် ခြောက်ပတ် ကြာ    ဖွင့်လှစ်မည့်    “ဌာနတွင်းဝန်ထမ်းများ၏ အင်္ဂလိပ်ဘာသာစကား   ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်း (Staff Capacity Building on English Proficiency Pilot Course)”ဖွင့်ပွဲကိုယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။ 

 


သင်တန်းဖွင့်ပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး     ဦးကိုကို၊ ဒုတိယဝန်ကြီး  ဦးအေးထွန်း၊   အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့်   ညွှန်ကြားရေးမှူးချုပ်များ၊   ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊  ဖိတ်ကြားထားသည့်     ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းပို့ချမည့် ဆရာဆရာမ များ၊ သင်တန်းသား သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ကြသည်။

 


ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ကမ္ဘာ့လူမှု - ယဉ်ကျေးမှုမျက်နှာစာမှာ အရေးပါသော အခန်းကဏ္ဍမှပါဝင်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ကို တွန်းအားပေးနိုင်ရန်   အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သော ဝန်ထမ်းအင်အားရှိရန် အရေးကြီး သကဲ့သို့ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်သည့် အတွက်   နိုင်ငံ့ဝန်ထမ်းများ၏    စွမ်းဆောင်ရည် မြင့်မားရန်လည်း    အလွန်အရေးကြီးပါကြောင်း၊ ဘာသာပြန်၍ ပြန်ပြောင်းပြောဆိုခြင်း၊ ပညာရပ်ပိုင်း ဆိုင်ရာ အရေးစွမ်းရည်၊ မှတ်စုမှတ်သားခြင်း စသည့် ကဏ္ဍများမှာ ဘက်စုံကျွမ်းကျင်ထူးချွန်ပြီး အနာဂတ် လမ်းကြောင်းကို မောင်းနှင်နိုင်မည့် အရည်အသွေး ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရေး အတွက် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ အင်္ဂလိပ်ဘာသာစကားမှာ နိုင်ငံများအကြား ကွာဟ ချက်ကို ပေါင်းကူးပေးနိုင်ပြီး နိုင်ငံတကာနှင့်ထိတွေ့မှု အခွင့်အလမ်းပေးနိုင်၍ လူတစ်ဦးချင်းစီအတွက် နိုင်ငံ တကာ မျက်နှာစာသို့ ရောက်ရှိနိုင်စေရန် ကူညီပေး နိုင်မည်   ဖြစ်ပါကြောင်း၊  ထိုသို့   စွမ်းဆောင်ရည် မြင့်မားတိုးတက်ပြီး   နိုင်ငံ့အကျိုးသယ်ပိုးနိုင်သည့် ဝန်ထမ်းကောင်းများ    ထွက်ပေါ်လာစေနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးသည့် သင်တန်းမှာ သင်တန်း သား သင်တန်းသူများကလည်း စိတ်ဝင်စားမှုအပြည့် နှင့် မိမိနိုင်ငံ၊ မိမိဝန်ကြီးဌာန၊ မိမိဦးစီးဌာနတို့အတွက် ကြိုးစားသင်ယူကြရန်       တိုက်တွန်းပြောကြားခဲ့ ကြောင်း သိရသည်။

       

သတင်းစဉ်