နေပြည်တော် ဇူလိုင် ၈
နိုင်ငံခြားရေးဝန်ကြီးဌာန မဟာ ဗျူဟာလေ့လာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာနက ကြီးမှူး၍ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ် ဝန်ချုပ်ရုံးများတွင် ပထမအကြိမ် အဖြစ် သွားရောက်တာဝန် ထမ်းဆောင်မည့် ဌာနခွဲစာရေးများ အတွက် အင်္ဂလိပ်စာနှင့် နိုင်ငံခြား ရေးရာကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၄/၂၀၂၂) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက နိုင်ငံခြားရေး ဝန်ကြီးဌာန(ရန်ကုန်) ဝန်ဇင်းမင်း ရာဇာခန်းမ၌ ကျင်းပရာ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များ၊ အငြိမ်းစားသံအမတ် ကြီးများ၊ ဝါရင့်သံတမန်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာကြီး/ ဆရာမကြီးများနှင့် သင်တန်းသား သင်တန်းသူ ၃၂ ဦး တက်ရောက်ကြသည်။
လေ့ကျင့်သင်ကြားပေး
အဆိုပါသင်တန်းကို နိုင်ငံခြား ရေးဝန်ကြီးဌာန နေပြည်တော် တွင် မေ ၁၆ ရက်မှ ဇွန် ၂၄ ရက် အထိလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)တွင် ဇွန်၂၇ ရက် မှ ဇူလိုင် ၈ ရက်အထိ လည်း ကောင်း စုစုပေါင်းရက်သတ္တပတ် ရှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး ဌာနခွဲစာရေးများကို သံရုံးများသို့ ပထမဆုံးအကြိမ် သွားရောက် တာဝန် ထမ်းဆောင်သည့်အခါ သိရှိရန်လိုအပ်သည့် နိုင်ငံတကာ ရေးရာကိစ္စရပ်များ၊ နိုင်ငံခြားရေးရာကိစ္စရပ်များနှင့် သံတမန်ရေးရာ ကိစ္စရပ်များအပြင် အထွေထွေ ဗဟုသုတရပ်များကို သိရှိနားလည် နိုင်စေရန်နှင့် အင်္ဂလိပ်စာ အရည် အသွေး ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေး ခဲ့ခြင်းဖြစ်သည်။
သတင်းစဉ်



