တေးသီချင်းပြိုင်ပွဲတွင် နေပြည်တော်ကိုယ်စားပြု ယှဉ်ပြိုင်မည့်သူများအား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်

 

နေပြည်တော် နိုဝင်ဘာ  ၂၀

 


၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အစီအစဉ် အဖြစ် ကျင်းပမည့်“တူယှဉ်နွှဲပျော် ဂီတပွဲတော် ” တေးသီချင်းသီဆိုမှု ပြိုင်ပွဲတွင်  နေပြည်တော်ကိုယ်စားပြု သီဆိုယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်သုံးဦးအား နေပြည်တော်ကောင်စီမှ ဂုဏ်ပြုထောက်ပံ့ငွေများကို နိုဝင်ဘာ ၁၉ ရက်က ပေးအပ်ချီးမြှင့်သည်။

 


နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ထောက်ပံ့ငွေပေးအပ်ပွဲတွင်  နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို  ပြည်သူများ မှတ်မှတ်ထင်ထင်သိရှိပြီး စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားစေရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကိုယ်၊ စိတ် ပင်ပန်းနွမ်းနယ်နေသည့် ပြည်သူများကို ဖျော်ဖြေပေးနိုင်ရန် ရည်ရွယ် လျက်  “တူယှဉ်နွှဲပျော် ဂီတပွဲတော်” တေးသီချင်းသီဆိုမှုပြိုင်ပွဲနှင့် ဖျော်ဖြေပွဲကို ကျင်းပမည်ဖြစ်ကာ  ပြိုင်ပွဲ ဝင်များအနေဖြင့် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း တိုက်တွန်းပြောကြား၍  ပြိုင်ပွဲဝင်သုံးဦးအတွက် ထောက်ပံ့ငွေကျပ် ၂၄၆၀၀၀၀ ကို ပေးအပ်ကြောင်း သိရသည်။                                  

ခရိုင် (ပြန်/ဆက်)