
နေပြည်တော် အောက်တိုဘာ ၇
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင် များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ရဲမှူးကြီး ကိုကိုလွင် တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည် တော် ဒက္ခိဏသီရိမြို့နယ် စက်မှု ဇုန်အတွင်းနှင့် စက်မှုဇုန်အပြင်ရှိ ရွှင်ထိုက် ထရိတ်ဒင်းကုမ္ပဏီလီမိ တက် ပလတ်စတစ်စက်ရုံ၊ MAYLP Agriculture Co.,Ltd စပါး အခြောက်ခံစက်လုပ်ငန်း၊ မြန်မာ ရွှေသစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း များသို့သွားရောက်၍ လုပ်ငန်း များ လည်ပတ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့အား ရွှင်ထိုက်ထရိတ်ဒင်း ကုမ္ပဏီ လီမိတက် ပလတ်စတစ်စက်ရုံမှ စက်ရုံပိုင်ရှင် ဒေါ်နှင်းဝေဝေ အောင်က စက်ရုံအတွင်း ပလတ် စတစ် ရေသန့်ဘူးခွံလုပ်ငန်းများ လည်ပတ် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက အရည်အသွေး ကောင်းမွန်သည့် ပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင် ရွက်ရန်၊ လုပ်ငန်းခွင်အတွင်း လုပ်ငန်းများ ဆောင်ရွက်ရာ တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အမိန့်၊ ညွှန်ကြား ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန် မှာကြားပြီး စက်ရုံ ဝန်ထမ်းများအတွက် နှာခေါင်းစည်းများ ပေးအပ်ကာ စက်ရုံလည်ပတ်နေမှုကို လှည့် လည် ကြည့်ရှုသည်။
ထို့နောက် MAYLP Agricu-lture Co.,Ltd စပါးအခြောက်ခံ စက်လုပ်ငန်းသို့ ရောက်ရှိရာ General Manager ဒေါ်နန်း ထက်ထက်လှိုင်က ကန်ထရိုက် လယ်ယာစနစ်ဖြင့် အရည်အသွေး မြင့် စပ်မျိုးစပါးများ၊ Quality Fragrance Rice စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် စပါး အခြောက်ခံခြင်း လုပ်ငန်းများ ဆောင်ရွက်မှုကို ရှင်းလင်း တင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တောင်သူများကို ဆန် အရည်အသွေးမြင့်မားပြီး အထွက် နှုန်းကောင်းမွန်သည့် စပါးမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး စိုက်ပျိုး နည်းစနစ်များနှင့် မျိုးစပါးများ ကို ဖြန့်ဖြူးပေးစေလိုကြောင်း၊ တောင်သူများ အကျိုးစီးပွားဖြစ် ထွန်းပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်အတွက် စိုက် ပျိုးရေး ပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ နှင့် ပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်း မှာကြားပြီး နှာခေါင်း စည်းများ ပေးအပ်ကာ စက်ရုံ လည်ပတ်နေမှုကို လှည့်လည် ကြည့်ရှုသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် မြန်မာ ရွှေသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းသို့ ရောက်ရှိရာ စက်ရုံမှ စက်ရုံပိုင်ရှင် ဦးတင်ချိုက သရက် (အခြောက်၊ ပျဉ်၊ အနှစ်)၊ ငှက်ပျော ကြော်၊ နာနတ် (အခြောက်၊ စည်သွတ်)၊ ပဲစည်သွတ်ဘူးများ၊ အခြားသစ်သီးများနှင့် မျှစ်ခြောက်၊ မျှစ်စည်သွတ်ဘူးများ ထုတ်လုပ် ရောင်းချနေမှုကို ရှင်းလင်းတင်ပြ ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ဒေသခံပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများရရှိရေး နှင့် အရည်အသွေးပြည့်မီသည့် စားသောက်ကုန်များ ထုတ်လုပ် ပြီး နိုင်ငံခြားဝင်ငွေများ ရရှိ အောင် ဆောင်ရွက်စေလိုကြောင်း မှာကြားပြီး နှာခေါင်းစည်းများ ပေးအပ်ကာ စက်ရုံလည်ပတ် နေမှုကို လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
သတင်းစဉ်