တောင်ငူခရိုင် စစ်တောင်းမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်

 

နေပြည်တော်  အောက်တိုဘာ  ၃၀


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်း စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန်၊ လူမှုစီးပွားဘဝမြင့်မားလာစေရန် ရည်ရွယ်၍ ထန်းတပင်မြို့နယ်  စစ်တောင်းမြစ်အတွင်းသို့  ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်က ပြုလုပ်သည်။ 

 


အခမ်းအနားသို့ တောင်ငူခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြင့်ဦး၊ ထန်းတပင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီ အဖွဲ့များ တက်ရောက်ကြပြီး ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းစခန်းမှ နှစ်လက်မအရွယ် ငါးမြစ်ချင်းနှင့်  ငါးခုံးမကြီးသားပေါက်ကောင်ရေ နှစ်သိန်းကို  စစ်တောင်းမြစ်သဘာဝ ရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

 သတင်းစဉ်