
တောင်ကုတ် ဖေဖော်ဝါရီ ၂၄
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ယမန်နေ့ မွန်းလွဲပိုင်းမှစ၍ သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ထုတ်ပေးလျက်ရှိသည်။
တောင်ကုတ်မြို့နယ်၌ စာစစ်ဌာနငါးခုဖွင့်လှစ်မည်ဖြစ်ပြီး စာစစ် ဌာနများအဖြစ် မြို့ပေါ်၌ အမှတ်(၁)၊ အမှတ်(၄) အခြေခံပညာအထက် တန်းကျောင်းများ၌ လည်းကောင်း၊ တန်းလွဲမြို့တွင် အ-ထ-က (ရွာမ)၌ လည်းကောင်း၊ လမူးမော်ရွာတွင် အ-ထ-က၌လည်းကောင်း၊ မအီမြို့ တွင် အ-ထ-က(မအီ)၌လည်းကောင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရ သည်။
တောင်ကုတ်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို ကျောင်းတွင်းမှ ၂၉ ဦး၊ ပြင်ပမှ ၁၀၀၉ ဦး စုစုပေါင်း ၁၀၃၈ ဦးရှိပြီး မတ် ၈ ရက်အထိ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)