
တောင်ကုတ် စက်တင်ဘာ ၂
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်သော အသက်မွေး ဝမ်းကျောင်း အခြေခံအပ်ချုပ်စက်သင်တန်းကို စက်တင်ဘာ ၁ ရက်က မြို့နယ်ကျေးလက်ဦးစီးဌာနရုံး ခန်းမ၌ ဖွင့်လှစ်သည်။
ဖွင့်ပွဲတွင် တာဝန်ရှိသူများက အမှာစကားပြောကြားပြီး တောင်ကုတ်မြို့နယ် ကျေးလက်ဦးစီးမှူး ဒေါ်တင်တင်ကြည် က သင်တန်းဖွင့်လှစ်ရခြင်း ရှင်းလင်းပြောကြားပြီးတောင်ကုတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများနှင့် ကျေးရွာများမှ သင်တန်းသူ ၅၀ နီးပါး တက်ရောက်သည်။
တောင်ကုတ်မြို့နယ် ကျေးလက်ဦးစီးဌာနအနေဖြင့် ယခုဖွင့်လှစ်ပေးသော သင်တန်းအပါအဝင် အသက်မွေး ဝမ်းကျောင်း သင်တန်းအဖြစ် (၁၅) ကြိမ်မြောက် သင်တန်း ဖြစ်ကာ ထိုသင်တန်းတွင် ကျွမ်းကျင်ဆရာမများဖြင့် စက်တင်ဘာ ၁ ရက်မှ ၂၁ ရက် အထိ ၂၁ ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်လှဖြူ(ရမ်းဗြဲ)