
ဆိုလ်း ဒီဇင်ဘာ ၁၃
တောင်ကိုရီးယား၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် မြင့်တက် လာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌ ဒီဇင်ဘာ ၁၁ ရက်တွင် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၀ တွေ့ရှိခဲ့ရာ ၆၇ ဦး(၇၀ ရာခိုင်နှုန်းကျော်)မှာ ပြည်တွင်း၌ အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူများဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၀၀၀ ကျော်ရှိလာခဲ့
ထို့ပြင် လူအစုလိုက် အပြုံလိုက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုများကို အင်ချွန်းမြို့ နှင့် နိုင်ငံအနောက်တောင်ပိုင်းရှိ ဂျီအိုလာပြည်နယ်၌ အသီးသီးတွေ့ရှိခဲ့ရသည်။ ပြီးခဲ့သောသီတင်းပတ်အတွင်းက နိုင်ငံအတွင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၀၀၀ ကျော်ရှိလာခဲ့သည်။
ယခုသီတင်းပတ်အကုန်တွင် နိုင်ငံအတွင်းရှိဆေးရုံများ၌ ကိုဗစ်- ၁၉ ရောဂါ ကြောင့် ဆေးရုံတက်ရောက်သူ များပြားလာနိုင်သဖြင့် ဆေးရုံခုတင်များကို ၎င်းလူနာ များအတွက်သာ သုံးစွဲရနိုင်ကြောင်း တာဝန်ရှိသူများကပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ