တောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေသူများကို ကြည့်ရှုအားပေး

 

နေပြည်တော်   ဩဂုတ်  ၂၃


ရှမ်းပြည်နယ်     (တောင်ပိုင်း)တောင်ကြီးမြို့ရှိ     တပ်မတော် ဆေးရုံ၌  တက်ရောက်ကုသမှုခံယူ လျက်ရှိသော   အရာရှိ၊  စစ်သည်၊ မိသားစုများနှင့်   ဒေသခံပြည်သူ များကို    ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ    ဒုတိယဗိုလ်ချုပ်ကြီး    ခင်လှိုင်၊ အရှေ့ပိုင်းတိုင်း        စစ်ဌာနချုပ် တိုင်းမှူး      ဗိုလ်ချုပ်လှမိုးနှင့် အဖွဲ့ဝင်များက       သွားရောက် ကြည့်ရှု၍  တစ်ဦးချင်း၏  ရောဂါ ဖြစ်ပွားမှု၊  ဆေးဝါးကုသပေးထားမှု နှင့်       ကျန်းမာရေးတိုးတက်မှု ကို     ရင်းရင်းနှီးနှီး   မေးမြန်း    အားပေးစကား    ပြောကြားပြီး     စားသောက်ဖွယ်ရာများ     ပေးအပ် သည်။

 


ထို့နောက်  ဒုတိယဗိုလ်ချုပ် ကြီး    ခင်လှိုင်၊   တိုင်းမှူးနှင့်  အဖွဲ့ဝင်များသည်    ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး     လိုအပ် သည်များ   ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း         သတင်းရရှိ သည်။  

   
သတင်းစဉ်