
သင်္ကြန်ပိတ်ရက်အလွန်တွင် ရန်ကုန်ဘုရင့်နောင်ဈေးကွက်သို့ ကုန်အဝင် နည်းသောကုန်စည်အချို့ ဈေးတက်လာသည်။ စားအုန်းဆီ ဈေးကျ လာသည်။
ဆန်
ရန်ကုန်ဆန်ဈေးကွက်သို့ နယ်မှဆန်အဝင်နည်းနေသဖြင့် ဆန်ဈေး တက်လာပြီး အထူးသဖြင့်ပေါ်ဆန်းဆန် စျေးနှုန်းမြင့်တက်လာသည်။ ကောက်ညှင်းဆန်(လာအို) တစ်အိတ်လျှင် ထိပ်စ ကျပ် ၉၃၀၀၀/၉၄၀၀၀ နှုန်းရှိသည်။ သီးထပ် နွေဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၅၃၀၀၀၊ ရက် ၉၀ နွေဆန်ကြမ်းတစ်အိတ် ကျပ် ၆၀၀၀၀၊ ပေါ်ကျွဲတစ်အိတ် ကျပ် ၆၇၀၀၀ နှုန်းရှိသည်။ ပေါ်ဆန်းဆန်လက်ကားဈေးနှုန်းများမှာ ဘိုကလေးပေါ်ဆန်း တစ်အိတ် ကျပ် ၇၅၀၀၀၊ ဖျာပုံဆန် ကျပ် ၈၀၀၀၀၊ မြောင်းမြဆန် ကျပ် ၈၂၀၀၀၊ ရွှေဘိုဆန် ကျပ် ၁၀၅၀၀၀ နှုန်းရှိသည်။
ဆီ
စားအုန်းဆီဈေးနှုန်းသည် သင်္ကြန်ဖွင့်ရက်တွင် ဈေးနှုန်းမြင့်တက် ခြင်းမရှိသေးဘဲ ဧပြီ ၁၈ ရက်တွင် အလှယ်လက်ကားတစ်ပိဿာ ကျပ် ၆၅၅၀ နှုန်းရှိသည်။ ဧပြီ ၁၉ ရက်တွင်မူ အလှယ်လက်ငင်း လက်ကား ပီပါစျေး တစ်ပိဿာ ကျပ် ၆၄၀၀ နှုန်း ရှိသည်။ မိတ္ထီလာစျေးကွက်တွင်မူ စားအုန်းဆီအလှယ် တစ်ပိဿာ ကျပ် ၆၆၀၀ နှုန်းရှိသည်။
ပဲအမျိုးမျိုး
ဧပြီ ၁၉ ရက် ရန်ကုန်ပဲဈေးကွက်တွင် မတ်ပဲ (RC) တစ်တန် ကျပ် ၂၀၇၀၀၀၀၊ (SQ/RC) တစ်တန် ကျပ် ၂၃၁၅၀၀၀၊ ပဲစင်းငုံနီတစ်တန် ကျပ် ၂၃၈၉၀၀၀ နှုန်းရှိသည်။ ပဲတီစိမ်းခရမ်းရွှေဝါတစ်ပိဿာ ကျပ် ၃၇၅၀၊ ကုလားပဲခြမ်းတစ်ပိဿာ ကျပ် ၄၇၀၀/၄၉၀၀ နှုန်း ရှိလာသည်။
ကြက်သွန်နီ
ဧပြီ ၁၈ ရက်တွင် ရန်ကုန်ဈေးကွက်သို့ ကြက်သွန်နီပိဿာချိန် ၂၁၀၀၀၀ နှင့် ၁၉ ရက်တွင် ပိဿာချိန် ၉၀၀၀၀ ဝင်ရောက်လာသည်။ ဧပြီ ၁၉ ရက် ရန်ကုန်စျေးကွက်တွင် ကြက်သွန်နီလက်ကားတစ်ပိဿာဈေးနှုန်းများမှာ ဆိပ်ဖြူလတ်ချော ကျပ် ၁၁၅၀၊ လတ်သန့် ကျပ် ၁၄၀၀၊ လတ်ကြီးကျပ် ၁၃၅၀၊ ရှယ် ကျပ် ၁၂၅၀ နှုန်းရှိပြီး မင်းဘူးနယ် လတ်သန့် ကျပ် ၁၁၀၀၊ လတ်ကြီး ကျပ် ၁၂၅၀၊ ရှယ် ၁၂၂၅ ကျပ်၊ ပခုက္ကူ လတ်ချော ကျပ် ၁၂၅၀၊ လတ်သန့် ကျပ် ၁၄၅၀၊ လတ်ကြီးကျပ် ၁၄၀၀၊ ရှယ် ကျပ် ၁၃၀၀ နှုန်း ရှိသည်။
ကြက်သွန်ဖြူ
ဧပြီ ၁၉ ရက် ရန်ကုန်ဈေးကွက်တွင် ကြူကုတ်ကြက်သွန်ဖြူ အဝင် နည်း၍ တစ်ပိဿာ ကျပ် ၅၂၀၀ နှုန်းအထိ ဈေးမြင့်တက်လာသည်။ ရှမ်းအောင်ပန်းကြက်သွန်ဖြူ တစ်ပိဿာဈေးနှုန်းမှာ ထူး-၂ ကျပ် ၃၂၀၀၊ ထူး-၃ ကျပ် ၃၇၀၀၊ ထူး-၄ ကျပ် ၃၉၀၀၊ ထူး-၅ ကျပ် ၄၁၀၀ နှုန်း ရှိသည်။
အာလူး
ဧပြီ ၁၉ ရက် ရန်ကုန်ဈေးကွက်သို့ ရှမ်းအောင်ပန်းနှင့် ဟဲဟိုး အာလူးများဝင်ရောက်ပြီး ဆင်ဖြူကျွန်းအာလူးဝင်ရောက်မှုမရှိဟု သိရ သည်။ ရှမ်းအာလူးတစ်ပိဿာဈေးနှုန်းမှာ A1 ကျပ် ၁၄၅၀၊ OK ကျပ် ၁၆၅၀၊ S1 ကျပ် ၁၈၀၀၊ S2 ကျပ် ၁၈၀၀၊ S3 ကျပ် ၁၃၀၀ နှုန်းရှိသည်။
ငရုတ်
ရန်ကုန်ငရုတ်ဈေးကွက်၌ ဧပြီ ၁၉ ရက်တွင် အိမ်မဲငရုတ်ရှည်အသစ် တစ်ပိဿာ ကျပ် ၁၀၀၀၀၊ ပန်းရဲငရုတ်ရှည် ကျပ် ၁၁၀၀၀၊ မြားနီ ငရုတ်ရှည် ကျပ် ၁၀၀၀၀၊ မိုးထောင်ဒီမို ကျပ် ၁၁၀၀၀-၁၂၀၀၀၊ ဆင်ဖြူကျွန်းငရုတ်ပွ ကျပ် ၁၄၀၀၀-၁၅၀၀၀၊ မြစ်ဝငရုတ်ပွ ကျပ် ၁၃၅၀၀-၁၄၅၀၀ နှုန်း ရှိသည်။
အောင်ခင်နိုင်