တစ်ပတ်အတွင်း ဘုရင့်နောင်ကုန်စည်ဈေးကွက်

 

ယခုသီတင်းပတ်အတွင်း   ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင်   ဆန်၊ ကြက်သွန်နီ၊ ငရုတ်၊ သကြား‌နှင့် ကုလားပဲခြမ်း‌ ဈေးတက်လာသည်။ သကြားလက်ကား တစ်ပိဿာကျပ် ၃၁၀၀- ၃၁၂၀ နှုန်း ရှိလာသည်။ မတ်ပဲနှင့် ပဲစင်းငုံနီ‌ ဈေးနှုန်းအမြင့်ဆုံးသို့‌ ရောက်လာသည်။ စားအုန်းဆီ၊ ကြူကုတ်ကြက်သွန်ဖြူ ဈေးကျလာသည်။

 


ဆန်


ရန်ကုန်ဆန်‌ဈေးကွက်တွင်‌      ဈေးနှုန်းအတက်ကြမ်းလာသည်ကို မြင်တွေ့ရသည်။ ဧပြီ ၂၄ ရက်မှစ၍ ဆန်ဈေးတက်လာသည်။ ဧပြီ ၂၆ ရက်တွင်  နှံကားဆန်ကြမ်းတစ်အိတ် ကျပ် ၅၈၀၀၀၊ ရက် ၉၀ နွေ ဆန်ကြမ်းတစ်အိတ်ကျပ်   ၆၂၀၀၀ ၊  ပေါ်ကျွဲတစ်အိတ် ကျပ် ၇၄၀၀၀ ရှိသည်။ ပေါ်ဆန်းဆန်သစ်တစ်အိတ် ဈေးနှုန်းများမှာ ဘိုကလေးနယ် ထွက်ကျပ် ၈၂၀၀၀ ၊ ဖျာပုံနယ်ထွက် ကျပ် ၈၉၀၀၀ ၊ မြောင်းမြနယ်ထွက်  ကျပ် ၉၀၀၀၀၊ ရွှေဘိုနယ်ထွက် ကျပ် ၁၀၆၀၀၀ နှုန်း အသီးသီးရှိသည်။

 


ဆီ


ဧပြီ ၂၄ ရက်မှ ၃၀ ရက်အထိ  ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေး စားအုန်းဆီတစ်ပိဿာ ကျပ် ၄၆၈၀ နှုန်းရှိရာ ယခင်အပတ်ထက် ရည်ညွှန်းဈေးတစ်ပိဿာကျပ်  ၁၁၀ ဈေးကျလာသည်။  ရန်ကုန်ဆီ ဈေးကွက်တွင် ဧပြီ ၂၂ ရက် လက်ငင်းအလှယ်   လက်ကားပီပါဈေး တစ်ပိဿာကျပ် ၆၃၅၀ နှုန်းရှိခဲ့ရာမှ ဧပြီ ၂၆ ရက်တွင် ကျပ် ၆၁၀၀-၆၁၅၀ နှုန်းသာရှိသည်။‌ လမ်းမတော်မြို့နယ်  ညောင်ပင်လေးဈေးအတွင်း တစ်ပိဿာကျပ် ၆၂၀၀ ဖြင့် ရောင်းချလျက်ရှိသည်ကို  မြင်တွေ့ရသည်။

 


ပဲအမျိုးမျိုး


ဧပြီ ၂၆ ရက် ရန်ကုန်ပဲဈေးကွက်တွင် မတ်ပဲ (RC)  တစ်တန် ကျပ် ၂၁၁၅၀၀၀ ၊ (SQ/RC )တစ်တန် ကျပ် ၂၃၅၅၀၀၀ ၊ ပဲစင်းငုံနီ တစ်တန် ကျပ် ၂၄၃၀၀၀၀ ၊ ပဲတီစိမ်း ခရမ်းရွှေဝါ ထိပ်စတစ်ပိဿာ ကျပ်  ၃၇၅၀၊ ကုလားပဲခြမ်း တစ်ပိဿာ  ကျပ် ၄၉၀၀-၅၀၀၀ ကနှုန်းရှိသည်။ မတ်ပဲနှင့် ပဲစင်းငုံနီ ဈေးနှုန်းသည် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များအတွင်း ယခုရက် အထိအမြင့်ဆုံးဈေးနှုန်း ဖြစ်လာသည်။

 


ကြက်သွန်နီ


ဧပြီ ၂၆ ရက် ရန်ကုန်ဈေးကွက်သို့ ကြက်သွန်နီ ပိဿာချိန် ၁၂၀၀၀၀ ဝင်ရောက်ပြီး လက်ကား ကြက်သွန်နီတစ်ပိဿာဈေးနှုန်းမှာ ဆိပ်ဖြူ နယ်စလတ်ချော ကျပ် ၁၃၅၀၊  လတ်သန့်ကျပ် ၁၅၅၀ ၊ လတ်ကြီး ကျပ် ၁၆၀၀ ၊ ရှယ်ကျပ် ၁၃၅၀ နှုန်းရှိသည်။

 


ကြက်သွန်ဖြူ/ အာလူး/ ငရုတ်


ဧပြီ ၂၆ ရက် ရန်ကုန်ဈေးကွက်တွင် ရှမ်းအောင်ပန်း ကြက်သွန်ဖြူ တစ်ပိဿာဈေးနှုန်းမှာ ထူး၂ - ကျပ်  ၃၆၀၀ ၊    ထူး ၃ - ကျပ်  ၄၃၀၀၊ ထူး ၄- ကျပ် ၄၆၀၀ ၊ ထူး ၅-ကျပ် ၄၉၀၀ နှုန်းရှိပြီး    ကြူကုတ် ကြက်သွန်ဖြူမှာ ကျပ်  ၅၀၅၀-၅၁၀၀ နှုန်းရှိသည်။    ဧပြီ ၂၆  ရက် ရန်ကုန်အာလူး ဈေးကွက်တွင် အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ A1 ကျပ် ၁၃၀၀ ၊ OK ကျပ် ၁၅၀၀ ၊ S1 ကျပ် ၁၆၅၀ ၊ S2 ကျပ် ၁၆၀၀ နှုန်း ရှိသည်။

 


ဧပြီ ၂၆ ရက် ရန်ကုန်ငရုတ်ဈေးကွက်တွင် မြစ်ဝကျွန်းပေါ်အိမ်မဲ ငရုတ်ရှည် တစ်ပိဿာ လက်ကားဈေးကျပ် ၁၀၅၀၀-၁၁၀၀၀ ၊ ပန်းရဲ ငရုတ်ရှည်ကျပ်  ၁၂၀၀၀-၁၂၃၀၀ ၊ မြားနီငရုတ်ရှည်ကျပ်  ၁၁၀၀၀ နှုန်း ရှိသည်။ မိုးထောင်ဒီမို လက်ကားတစ်ပိဿာကျပ်  ၁၁၅၀၀-၁၂၅၀၀၊ မြစ်ဝငရုတ်ပွကျပ်  ၁၃၅၀၀-၁၅၀၀၀၊  ဆင်ဖြူကျွန်း  ငရုတ်ပွ ကျပ် ၁၄၀၀၀-၁၇၀၀၀ နှုန်းရှိသည်။

အောင်ခင်နိုင်